BEC-TERO TV

ဘာစီလိုနာနဲ့ ကစားမယ့်ပွဲတွင် အင်တာမီလန် တိုက်စစ်မှူး လူကာကူလွဲချော်မယ်

02 Oct 2019     1,560 Views


ဒီနေ့ညမှာ ကစားမယ့် ချန်ပီယံလိဂ် အုပ်စုပွဲစဉ်တွေရဲ့ပွဲကောင်းတစ်ပွဲဖြစ်မယ့် ဘာစီလိုနာအသင်းနဲ့ အင်တာမီလန်အသင်းတို့ဟာ နူးကမ်ကွင်းမှာ ယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။ နှစ်သင်းစလုံးဟာ အသင်းကောင်းတွေဖြစ်ကြပြီး အကြိတ်အနယ် ယှဉ်ပြိုင်ကြမယ့် ပွဲမို့ စိတ်ဝင်စားစရာဖြစ်မှာပါ။
 
ဘာစီလိုနာအသင်းမှာ မက်စီ ပြန်ပါဝင်နိင်မှာဖြစ်ပါတယ်။ ဒါပေမယ့် အင်တာမီလန်အသင်းဘက်မှာ ဒီရာသီမှ ဝယ်ယူထားတဲ့ ဂိုးတွေသွင်း ခြေစွမ်းပြနေတဲ့ တိုက်စစ်မှူး လူကာကူကတော့ ပါနိုင်ဖွယ်မရှိဘူးလို့ သိရပါတယ်။ လူကာကူဟာ ဒီရာသီမှာ အင်တာမီလန်အသင်းအတွက် အကောင်းဆုံးခြေစွမ်းပြနေတဲ့ တိုက်စစ်မှူးတစ်ဦး ဖြစ်ပါတယ်။ 
 
လူကာကူဟာ ပေါင်ကြွက်သားဒဏ်ရာ ရရှိနေတာကြောင့် ဘာစီလိုနာနဲ့ပွဲမှာ လွဲချော်မယ်လို့ နည်းပြကွန်တီက အတည်ပြုပြောကြားထားတာဖြစ်ပါတယ်။ ဒဏ်ရာအခြေအနေက စိုးရိမ်အနေအထားမရှိပေမယ့် အရဲ့စွန့်အသုံးမပြုချင်လို့ နည်းပြ ကွန်တီကပြောကြားခဲ့တာဖြစ်ပါတယ်။
 
အဆိုပါ အုပ်စုမှာ အသင်းတိုင်းက တစ်မှတ်စီသာ ရရှိထားတာကြောင့် ပိုပြီး အကြိတ်အနယ်ရှိစေမှာပါ။

02 Oct 2019     1,560 Views




RELATED

Most Popular of Football

Most Popular of Sport