OCN ဇာတ်လမ်းတွဲသစ်မှာ စုံထောက်အဖြစ်မြင်တွေ့ရနိုင်ချေရှိတဲ့ ချာထယ်ဟွန်း
03 Oct 2019 1,774 Views

တောင်ကိုးရီးယားရဲ့ Mr.Bean လို့တင်စားခေါ်ဝေါ်ကြတဲ့ သရုပ်ဆောင် ချာထယ်ဟွန်းဟာ ပြီးခဲ့တဲ့ မတ်လပိုင်းတုန်းက လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုနဲ့ တရားစွဲဆိုခံထားရတဲ့ အဆိုတော် ဂျောင်ဂျွန်ယောင်းနဲ့ လောင်းကစားမှုမှာပါဝင်ပတ်သတ်နေခဲ့ပါတယ်။ ရဲလက်မှာ စစ်ဆေးခံခဲ့ရပြီး အနုပညာအလုပ်တွေကို ခေတ္တရပ်ဆိုင်းထားခဲ့ပါတယ်။
.jpg)

"ရဲထံမှာ စစ်ဆေးခံရပြီးနောက် ချာထယ်ဟွန်း 2 Days and 1 Night အစီအစဉ်မှ ထွက်သွားပြီး အနုပညာအလုပ်တွေ ရပ်နားလိုက်မည်ဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။"

"OCN ရုပ်သံလိုင်းက ရိုက်ကူးထုတ်လွှင့်မယ့် Extra Investigation ဇာတ်ကားမှာ အဓိကဇာတ်ဆောင် ရဲသားနေရာက သရုပ်ဆောင်ဖို့ ချာထယ်ဟွန်းကို စကားစထားတယ်ဆိုတဲ့အကြောင်း အတွင်းလူတစ်ဦးက မီဒီယာတွေကို ပြောပြလာပါတယ်။"

ချာထယ်ဟွန်းသာ Extra Investigation ဇာတ်ကားမှာ ပါဝင်ဖြစ်ခဲ့ရင် ရဲသား Jing Kang Ho အဖြစ် သရုပ်ဆောင်သွားရမှာပါ။ လာမယ့်နှစ် မတ်လပိုင်းလောက်မှာ စတင်ထုတ်လွှင့်သွားမယ်လို့လဲ သိရပါတယ်။
Ref:koreaboo
(ပိုပုိေလး)







