ရုပ်ရှင်ဇာတ်ညွှန်းဖတ်ပြီး အမေတွေရဲ့ ဘဝကိုနားလည်လာတယ်ဆိုတဲ့ Gong Yoo
03 Oct 2019 2,017 Views

တောင်ကိုးရီးယား ထိပ်တန်းသရုပ်ဆောင်တစ်ဦးဖြစ်တဲ့ Gong Yoo ဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၃၀ မှာ ရုပ်ရှင်ဇာတ်ကားသစ် မိတ်ဆက်ပွဲအခမ်းအနားတစ်ခုကို တက်ရောက်ခဲ့ပါတယ်။

Gong Yoo ဟာ လတ်တလော Kim Ji Young, born 1982 ရုပ်ရှင်ကားကြီးမှာ အဓိကဇာတ်ဆောင်အဖြစ် ပါဝင်သရုပ်ဆောင်ထားတာပဲဖြစ်ပါတယ်။
Gong Yoo က ဒီဇာတ်ကားရဲ့ ဇာတ်ညွှန်းကိုဖတ်ပြီး မျက်ရည်ကျမိတယ်လို့ အဆိုပါ မိတ်ဆက်ပွဲအခမ်းအနားမှာ ပြောပြသွားပါတယ်။

“ဒီဇာတ်လမ်းကို ဖတ်ပြီး ကျွန်တော့် မိသားစုအကြောင်းကို စဉ်းစားဖြစ်တယ်၊ အိမ်မှာ တစ်ယောက်ထဲ ငိုမိတဲ့အထိပဲ၊ ကျွန်တော်ဟာ အမေ့အတွက် သားကောင်းတစ်ယောက်မဟုတ်ခဲ့ဘူး ဒီဇာတ်လမ်းဖတ်ပြီးပြီးချင်းမှာပဲ အမေ့ကိုဖုန်းဆက်ပြီး ကျေးဇူးတင်စကားပြောဖြစ်ခဲ့တယ်” ဆိုပြီး Gong Yoo က ပြောပြသွားပါတယ်။










