BEC-TERO TV

မိုးသည်းထန်စွာရွာသွန်းနေပေမယ့် စင်မြင့်ထက် ဟန်မပျက်ဖျော်ဖြေပြသွားတဲ့ Sunmi

03 Oct 2019     1,755 Views


တစ်ကိုယ်တော် Kpop အဆိုတော် Sunmi ဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၂ ရက်နေ့၊ ချောင်းအန်း တက္ကသိုလ်က ဖျော်ဖြေပွဲတစ်ခုမှာ ပါဝင်လာပါတယ်။

 


ထိုနေ့က မိုးသည်းထန်စွာရွာနေပေမယ့် Sunmi ဖျော်ဖြေတာကို မရပ်ဘဲ မိုးရေထဲ ဆက်တိုက်ဖျော်ဖြေသွားခဲ့ပါတယ်။
သူမ ဖျော်ဖြေတာကို ကြည့်ရှုဖို့ လာရောက်ခဲ့တဲ့ ပရိတ်သတ်တွေကို ငဲ့ညာသောအားဖြင့် Sunmi အခုလို မိုးသည်းထဲမှာ အားကြိုးမာန်တက်ဖျော်ဖြေသွားတာပဲဖြစ်ပါတယ်။

 

ပရော်ဖက်ရှင်နယ်ဆန်တဲ့ သူမစိတ်ထားလေးကတော့ လေးစားစရာပါပဲ။
Sunmi အခုလို ခက်ခက်ခဲခဲ ဖျော်ဖြေသွားတာနဲ့ပတ်သတ်ပြီး ပရိတ်သတ်တွေ အောက်ပါအတိုင်း မှတ်ချက်အမျိုးမျိုး ပေးလာကြပါတယ်။

 


 

“ဝိတ်တက်လာတော့ ပိုကြည့်ကောင်းလာတယ်၊ မိုးရေထဲမှာ ဖျော်ဖြေပြသွားတာ အရမ်းပရော်ဖက်ရှင်နယ်ဆန်တာပဲ။”
“သူမက ဝိတ်တက်တက် ဝိတ်ကျကျ ဘယ်လိုနေနေကြည့်ကောင်းနေတာပဲ မနာလိုလိုက်တာ”
“မိုးထဲလေထဲ စတိတ်စင်က ဒီလောက်ချောနေတာတောင် ဟန်မပျက်ဖျော်ဖြေသွားတာ သူမက တကယ့် ပရော်ဖက်ရှင်နယ်ပဲ” ဆိုပြီး လူမှုကွန်ယက် အင်တာနက်ပေါ်မှာ ရေးသားလာကြပါတယ်။


Ref:koreaboo
(ပိုပိုလေး)



 


03 Oct 2019     1,755 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS