BEC-TERO TV

အိပ်ယာထဲ ဂိမ်းကစားတဲ့ လူငယ်တစ်ယောက် ဓါတ်လိုက်ပြီး ကြွေလွင့်ခဲ့ရပြန်ပြီ

04 Oct 2019     1,515 Views


အသက် ၂၅ နှစ်အရွယ် လူငယ်ဟာ သူ့ရဲ့ အိပ်ယာထဲမှာ ဂိမ်းကစားနေရင်း အိပ်ပျော်သွားခဲ့ပြီးနောက် ဖုန်းကနေတစ်ဆင့် ဓါတ်လိုက်ကာ သေဆုံးခဲ့ရပါတယ်။

ပြီးခဲ့တဲ့သောကြာနေ့က ထိုင်းနိုင်ငံ ချွန်ဘူရီမှာ “ဆက်ထရာမို” ဆိုတဲ့ လူငယ်ဟာ သူ့ရဲ့အိပ်ယာဘေးမှာ ချထားတဲ့ စမတ်ဖုန်းမျိုးစုံနဲ့ အလှည့်ကျ ဂိမ်းတွေကို တစ်ခုပြီးတစ်ခု ဆက်တိုက်ကစားခဲ့ပါတယ်။ အဲဒီဖုန်းတွေထဲက တစ်လုံးက ဖုန်းအားသွင်းကြိုးတန်းလန်းနဲ့ အားသွင်းထားပါတယ်။

နောက်တစ်နေ့မနက်မှာ သူ့ရဲ့အဒေါ်ဖြစ်သူက ဘာသံမှမကြားတဲ့အတွက် သူ့အခန်းထဲကို ဝင်ကြည့်ရာ လူငယ်ရဲ့ တစ်ကိုယ်လုံး ခရမ်းရောင်သန်းနေပြီး အပူလောင်ခံထားရတဲ့ လက္ခဏာတွေကိုလည်းတွေ့လိုက်ရပါတယ်။ သူက ချက်ချင်းပဲ လျှပ်စစ်မိန်းခလုပ်တွေ ချလိုက်ပြီး အရေးပေါ်ကို ဖုန်းဆက်အကြောင်းကြားခဲ့ပါတယ်။

ရဲတွေနဲ့ အရေးပေါ်အဖွဲ့ ရောက်လာပြီး စစ်ဆေးခဲ့ပြီးနောက် သေဆုံးပြီဖြစ်ကြောင်း အတည်ပြုခဲ့ပါတယ်။ လူငယ်ဟာ ညတိုင်း အိပ်ယာထဲမှာ ဖုန်းတွေ တစ်လုံးပြီးတစ်လုံးနဲ့ လှည့်ကစားကြောင်း၊ ဖုန်းတွေကိုလည်း အားသွင်းရင်းတန်းလန်းနဲ့ ညတိုင်းလိုလိုတွေ့ကြောင်း အဒေါ်ဖြစ်သူက ပြောကြားခဲ့ပါတယ်။

 


04 Oct 2019     1,515 Views




RELATED

Most Popular of International News

Most Popular of NEWS