BEC-TERO TV

ဂိုးသမားဒီဂီယာ လက်စွမ်းပြပြီး အယ်ခမာအသင်းထံမှ သရေတစ်မှတ်ခွဲယူခဲ့တဲ့ မန်ယူ

04 Oct 2019     1,926 Views


မနေ့ညက ကစားခဲ့တဲ့ ယူရိုပါလိဂ်အုပ်စုပွဲစဉ်မှာ မန်ယူအသင်းဟာ  နယ်သာလန်ကလပ် အယ်ခမာ အသင်းကို အဝေးကွင်းမှာ သရေရလဒ်ထွက်ပေါ်ခဲ့ပါတယ်။ အဆိုပါပွဲမှာ အိမ်ရှင် အယ်ခမာအသင်းဟာ မန်ယူအသင်းကို ဘောအသာစီး ၊ ခြေအသားစီဖြင့် ကစားထားနိုင်ခဲ့ပါတယ်။ မန်ယူအသင်းကတော့ ခက်ခက်ခဲခဲရုံးကန်ခဲ့ရပြီး အယ်ခမာ အသင်းကို ဂိုးပေါက်တည့်အကြိမ် တစ်ကြိမ်မှ မရှိခဲ့ပါဘူး။ ဒါကြောင့် သရေရလဒ်ထွက်ပေါ်တာတောင် ကျေနပ်ရမှာပါ။
 
မန်ယူအသင်းဟာ ဒိရာသီမှာ ပြိုင်ပွဲစုံ အဝေးကွင်း (၁၀)  ပွဲဆက်နိင်ပွဲပျောက်ဆုံးခဲ့ပြီး ခြေစွမ်းပိုင်းက သိသိသာသာ ဆိုးရွာလာတာကို တွေ့မြင်ရပါတယ်။ အဆိုပါပွဲမှာ မန်ယူအသင်းဟာ မာတာ၊ မာတစ်၊ လင်ဒီလော့ဖ်၊ ဒီဂီယာနဲ့ လူငယ်အများစုနဲ့ ပွဲထွက်လာခဲ့ပါတယ်။
 
ဒါပေမယ့် အိမ်ရှင် အယ်ခမာအသင်းဟာ မာမာထန်ထန်တုံ့ပြန်ကစားခဲ့ကြပြီး ဂိုးပေါက်ကို အကြိမ်ကြိမ်ကန်သွင်းခဲ့ကြပါတယ်။ ဒါပေမယ့် မန်ယူအသင်းနောက်တန်းကစားသမား ခက်ခက်ခဲခဲ ဖျက်ထုတ်ထိန်းချုပ်ခဲ့ရပါတယ်။ ဒီပွဲမှာ အိမ်ရှင် အယ်ခမာအသင်း အနိုင်ရဖို့အခွင့်အရေးကောင်းတွေ ရရှိခဲ့ပေမယ့် မန်ယူဂိုးသမား ဒီဂီယာက လက်စွမ်းပြ ကာကွယ်သွားနိုင်ခဲ့ပါတယ်။
 
ဒါကြောင့် မန်ယူအသင်းဟာ ယူရိုပါလိဂ်အုပ်စု (L) မှာ ရမှတ် (၄) မှတ်နဲ့ ဒုတိယနေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။ ဒီတစ်ပါတ်မှာတော့ မန်ယူအသင်းဟာ အဝေးကွင်းမှာ အဝေးကွင်းမှာ နယူးကာဆယ်အသင်းကို သွားရောက်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်..။

 

04 Oct 2019     1,926 Views




RELATED

Most Popular of Football

Most Popular of Sport