Volley Goal နဲ့ Solo Goal ကို တစ်ပွဲတည်းမှာတင် သွင်းယူပြလိုက်တဲ့ ဟူဆန် အိုဒွိုင်း
16 Oct 2019 1,507 Views

မနေ့ညက ကစားခဲ့တဲ့ ယူရို ၂၀၂၀ ခြေစစ်ပွဲစဉ်တွင် အင်္ဂလန်ယူ-၂၁ အသင်းဟာ သြစတြီးယားအသင်းကို ၅-၁ ဖြင့်အနိုင်ရရှိခဲ့ပါတယ်။ အဆိုပါပွဲတွင် လိဒ်အသင်းတွင် အငှားသွားရောက်ကစားနေတဲ့ အာဆင်နယ်လူငယ်ကစားသမား အယ်ဒီ နယ်ခဲဒီယား က ဟက်ထရစ်သွင်းယူခဲ့ပြီး အသက်(၁၈) နှစ်အရွယ် ချဲလ်ဆီးလူငယ်ကစားသမား ဟူဆန် အိုဒွိုင်းက သွင်းဂိုး(၂) ဂိုးသွင်းယူခဲ့ပါတယ်။
အနာဂါတ်တွင် အထူးတောက်ပလာမယ့် အင်္ဂလန်ကြယ်တစ်ပွင့်အဖြစ် သတ်မှတ်ခံထားရတဲ့ အိုဒွိုင်းဟာ အဆိုပါပွဲတွင်း အထူးခြေစွမ်းပြသခဲ့ပါတယ်။ ပထမဂိုးကို မြေမကျ (Volley Goal )ကန်သွင်းယူခဲ့ပြီး ၊ ဒုတိယသွင်းဂိုးကို ကွင်းလယ်ကနေ ဆွဲယူကာ ဆိုလိုဂိုး (Solo Goal)ကို လှလှပပ သွင်းယူပြခဲ့ပါတယ်။
အိုဒွိုင်းသွင်းယူခဲ့တဲ့ သွင်းဂိုး (၂) ဂိုးကို ဖော်ပြပေးလိုက်ပါတယ်။
ပြီးခဲ့တဲ့ ရာသီက အိုဒွိုင်းကို ဘိုင်ယန်မြူနစ်အသင်းက ခေါ်ယူဖို့ (၃) ကြိမ်တိုင်တိုင် ကမ်းလှမ်းမှုတွေပြုလုပ်ပေမယ့် ချဲလ်ဆီအသင်းက အကြိမ်ကြိမ်ပယ်ချခဲ့ပါတယ်။ ဒီရာသီမှာ ချဲလ်ဆီးအသင်းက အိုဒွိုင်းကို တစ်ပါတ်လုပ်ခ ပေါင် (၁၈၀၀၀၀) ဖြင့် (၅) နှစ်သက်တမ်းတိုး စာချုပ်ချုပ်ဆိုခဲ့ပါတယ်။
ယခုရာသီမှာလည်း အိုဒွိုင်းဟာ ချဲလ်ဆီး စီနီယာအသင်းကြီးတွင်း ပါဝင်ကစားခွင့်ရနေပြီး ဂိုးဖန်တီးမှုတွေကို ပြုလုပ်ထားနိုင်ခဲ့ပါတယ်။