BEC-TERO TV

သင်္ဂြိုလ်ရန် ကျင်းတူးရာမှ အရှင်လတ်လတ် မြေမြုတ်ခံထားရတဲ့ ၄ ရက်သား ကလေးကို တွေ့ရှိ

16 Oct 2019     1,412 Views


သတ္တဝါတစ်ခု ကံတစ်ခု ဆိုသလို လူဆိုတာ သေဖို့ကံ ပါမလာသေးသ၍တော့ အရှင်လတ်လတ် မြေမြုတ်ခံခဲ့ရတာတောင် အသက်ရှင်သန်ခွင့် ရသွားခဲ့ပါတယ်။

အရှင်လတ်လတ် မြေမြုတ်သင်္ဂြိုလ်ခံခဲ့ရတဲ့ ၄ ရက်သား ကလေးငယ်လေးကို သမီးဖြစ်သူ ဆုံးသွားလို့ မြုမြုတ်သင်္ဂြိုလ်ရန် မြေကျင်းတူးရာမှ အသက်ရှင်လျှက် ပြန်လည်တွေ့ခဲ့မှုတစ်ခု အောက်တိုဘာလ ၁၄ ရက်နေ့က အိန္ဒိယနိုင်ငံမှာ ဖြစ်ပွားခဲ့ပါတယ်။

အမျိုးသားတစ်ဦးဟာ မီးဖွားပြီး နာရီပိုင်းအတွင်းမှာပင် သေဆုံးခဲ့တဲ့ သူ့ရဲ့သမီးလေးကို မြေမြုတ်သင်္ဂြိုလ်ဖို့ ဂေါ်ပြားတစ်လက်နဲ့ မြေကျင်းတူးရာ တစ်ကြိမ်တွင် မြေကြီးထဲမှ မာကျောတဲ့ အရာတစ်ခုကို ထိုးမိခဲ့ပါတယ်။ တစ်ချိန်ထဲမှာပင် ကလေးငိုသံလည်း ကြားလိုက်ရတာကြောင့် ကနဦးတွင် သူ့သမီးလေး အသက်ပြန်ရှင်လာတယ်လို့ ထင်မှတ်ခဲ့ပါတယ်။

ဒါပေမယ့် ကလေးငိုသံက သူ့သမီးလေးဆီကမဟုတ်ပဲ မြေကြီးတွင်းထဲက အိုးတစ်လုံးထဲကနေ ထွက်လာတာဖြစ်ပါတယ်။ အိုးကို တူးဖော်ဆယ်ယူလိုက်တဲ့အခါမှာ အိုးထဲမှာ မွေးကင်းစကလေးလေး ငိုနေတာကို အံ့သြထိတ်လန့်စွာတွေ့လိုက်ရပါတယ်။

အမျိုးသားဟာ ချက်ခြင်းဆိုသလို ကလေးကို ဆေးရုံခေါ်သွားခဲ့ပါတယ်။ ဆရာဝန်တွေရဲ့ စစ်ဆေးချက်အရ ကလေးဟာ ၄ ရက်သား မိန်းကလေးတစ်ဦးဖြစ်ပြီး သူမကို ပြန်ရှာမတွေမီအချိန်ထိ ၄ နာရီကနေ ၆ နာရီလောက်ကြာ မြေမြုတ်ခံထားရကြောင်း သိရှိရပါတယ်။ ကိုယ်အလေးချိန် ၂.၄ ပေါင်သာရှိတာကြောင့် အောက်ဆီဂျင် နည်းနည်းပဲလိုတာကြောင့် အသက်ရှင်နေနိုင်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

ဖြစ်စဉ်နဲ့ပက်သက်ပြီး ကလေးရဲ့ မိဘတွေ ဘယ်သူလဲဆိုတာကို တာဝန်ရှိသူတွေက စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်၊ ကလေးအတွက် ဆေးကုသမှုကုန်ကျစရိတ်ကိုတော့ ဆေးရုံကပဲ စိုက်ထုတ်ကုန်ကျခံထားပါတယ်။


16 Oct 2019     1,412 Views




RELATED

Most Popular of International News

Most Popular of NEWS