BEC-TERO TV

ဗညားဒလလမ်းတွင် ကားတစ်စီး အရှိန်လွန်မောင်းနှင် ယာဉ်တိုက်မှုဖြစ်ပွား

13 Sep 2015     1,391 Views


စက်တင်ဘာ ၁၃ ရက် နံနက် ၁ နာရီခွဲဝန်းကျင်က တာမွေမြို့နယ် ဗညားဒလလမ်းတွင် ကားတစ်စီး အရှိန်လွန်မောင်းနှင်ကာ ယာဉ်တိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ ယုဇနပလာဇာဘက်မှ တာမွေဈေးဘက်သို့ ဗညားဒလလမ်းအတိုင်း မောင်းနှင်လာသည့် အဆိုပါကားသည် သီတာလမ်းနားအရောက်တွင် အရှိန်လွန်ကာ လမ်းဘေးရှိ ဆိုက်ကား (၄) စီးနှင့် ကား(၂)စီးအား ဆက်တိုက်ဝင်တိုက်ခဲ့ပြီး တိမ်းမှောက်ခဲ့သည်။ ယင်းယာဉ်တိုက်မှုကြောင့် ဆိုက်ကားမောင်းနှင်သည့် အမျိုးသားတစ်ဦး အသက်အန္တရာယ် စိုးရိမ်ရပြီး ရန်ကုန်ဆေးရုံကြီးသို့ တင်ပို့ထားကြောင်း သိရသည်။

(ဓာတ်ပုံ - အောင်ကျော်ထက်)


13 Sep 2015     1,391 Views




RELATED

Most Popular of Special or Others

Most Popular of NEWS