BEC-TERO TV

ဂရင်းနစ်စံချိန်တစ်ခု တင်လိုက်နိုင်ခဲ့တဲ့ လီဗာပူးလ် ညာနောက်ခံလူ အာနိုး

16 Oct 2019     1,854 Views


လီဗာပူးလ်အသင် ညာနောက်ခံလူ  အာနိုးဟာ ဂိုးဖန်တီးမှု အများဆုံးနောက်ခံလူ အဖြစ် ဂရင်းနစ် မှတ်တမ်းဝင်ခဲ့တယ်လို့ သိရပါတယ်။ အားနိုးဟာ  ညာနောက်ခံနေရာတွင် ကစားရပေမယ့်  သွင်းဂိုးတွေကို ဖန်တီး ၊ သွင်းယူနိုင်တဲ့ ကစားသမားဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီက အားနိုးဟာ လီဗာပူးလ်အသင်း ချန်ပီယံလိဂ်ဖလား ရယူရာမှာ အဓိကနေရာမှ ပါဝင်ခဲ့ပါတယ်။

မနှစ်က ချန်ပီယံလိဂ်ဆီးမီးဖိုင်နယ်အဆင့် ဘာစီလိုနာအသင်းကို အိမ်ကွင်းမှာ ၄-၀ ဖြင့်အနိုင်ရတဲ့ ပွဲစဉ်မှာ အားနိုးရဲ့ ပါးပါးနပ်နပ် ဖန်တီးပေးပို့မှုကနေ အိုရီဂီက သွင်းယူပေးခဲ့လို့  နောက်တစ်ဆင့်ကို တက်လှမ်းနိုင်ခဲ့တာဖြစ်ပါတယ်။

အားနိုးဟာ ပြီးခဲ့တဲ့ရာသီက  ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ဂိုးဖန်တီးမှု (၁၂) ကြိမ် ပြိုင်ပွဲစုံ စုစုပေါင်း (၁၆) ကြိမ်အထိပြုလုပ်ထားနိုင်ခဲ့ပါတယ်။ ဒီဖန်တီးမှု ပမာဏဟာ ဘောလုံးသမိုင်းတစ်လျှောက် ဂိုးဖန်တီးမှု အများဆုံး ပြုလုပ်ပေးနိင်ခဲ့တဲ့ နောက်ခံလူအဖြစ် ဂရင်းနစ်စံချိန်တင်နိုင်ခဲ့တာဖြစ်ပါတယ်။

အရင်က ပရီးမီးယားလိဂ်တစ်ရာသီအတွင်း ဂိုးဖန်တီးမှုအများဆုံး ခံစစ်ကစားသမားတွေကတော့ ဟင်ကလပ်ဖ် (၁၉၉၄-၁၉၉၅) နဲ့ လေတန်ဘိန်း (၂၀၁၀-၁၁) ဘောလုံးရာသီတွေမှာ (၁၁) ဂိုးစီနဲ့ စံချိန်တင်ထားခဲ့တာဖြစ်ပါတယ်။

ဒါကြောင့် အာနိုးဟာ ၂၀၂၀ ပြည့်နှစ်တွင် ထုတ်ပြန်ကြေညာမယ့် ဂရင်းနစ်မှတ်တမ်းစာအုပ်မှာ ပါဝင်လာတော့မှာ ဖြစ်ပါတယ်။


16 Oct 2019     1,854 Views




RELATED

Most Popular of Football

Most Popular of Sport