BEC-TERO TV

စပါးနည်းပြ ဖြစ်လာဖွယ်ရှိနေတဲ့ မော်ရင်ဟိုနဲ့ ဘောလုံးသတင်းတိုများ

16 Oct 2019     1,358 Views


စပါးအသင်းဟာ နည်းပြပိုချက်တီနိုနေရာမှာ ချဲလ်ဆီးအသင်းနဲ့ မန်ယူနည်းပြဟောင်း မော်ရင်ဟိုကို ခန့်အပ်ဖို့ စိစဉ်ထားတယ်လို့ Soccer Link ရဲ ဖော်ပြချက်အရသိရပါတယ်။ ရာသီအစမှာ ရလဒ်ဆိုးတွေကြုံတွေနေပြီး ဘိုင်ယန်မြူနစ်အသင်းကို 2-7 ဖြင့်ရှုံးနိမ့်ထားတာကြောင့် ပိုချက်တီနို အနာဂါတ်မှာလည်း မရေရာဖြစ်လာခဲ့တာ ဖြစ်ပါတယ်။

အင်တာမီလန်အသင်းဟာ ဒီဇန်နဝါရီ အပြောင်းအရွေ ့မှာ ချဲလ်ဆီးအသင်း​ ​တိုက်စစ်မှူး ဂီရော့ကို ခေါ်ယူဖို့ ပစ်မှတ်ထားနေတယ်လို့ သိရပါတယ်။ ကြံခိုင်မှု မပြည့်ဝတဲ့ လူကာကူ ၊ ဒဏ်ရာပြသာနာ အနည်းငယ်ရှိနေတဲ့ ဆန်းချက်နေရာမှာ အစားထိုးဖို့အတွက် တိုက်စစ်မှူး တစ်ဦးအတွက် အင်တာမီလန်နည်းပြ ကွန်တီက ဂီရော့ကို ပစ်မှတ်ထားလာခြင်းဖြစ်ပါတယ်။

ပြင်သစ်တိုက်စစ်မှူး ဂီရော့်ကလည်း ချဲလ်ဆီးအသင်းမှာ ပွဲထွက်ခွင့်ပျောက်ဆုံးနေပြီး အသင်းပြောင်းဖို့ဆုံးဖြတ်ချက်ကို ဒီဇန်နဝါရီမှာ ဆုံးဖြတ်ချက်ချသွားမယ်လို့ ဆိုပါတယ်။

ဒီရာသီ အာဆင်နယ်အသင်းက အငှားခေါ်ယူထားတဲ့ ရီးရဲလ်မက်ဒရစ်ကွင်းလယ်လူ ဆီဘယ်လော့ကို လာမယ့်ရာသီမှာ စီးရီးအေ ကလပ် အေစီမီလန်အသင်းက  ခေါ်ယူဖို့သဘောတူညီမှုရထားပြီလို့ သိရပါတယ်။

အက်သလက်တီကိုအသင်းဟာ လာမယ့်အပြောင်းရွေ့မှာ ပြင်သစ်ကလပ် ပီအက်စ်ဂျီအသင်းတိုက်စစ်မှူး ကာဗာနီကို ခေါ်ယူဖို့ သဘောတူညီမှုရရှိထားပြီးဖြစ်တယ်လို့ သိရပါတယ်။ ကာဗာနီက  ဒီရာသီအကုန်မှာ ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်ကုန်ဆုံးတော့မှာ ဖြစ်တာကြောင့် အလွတ်ပြောင်းရွေ့ကြေးနဲ့ ခေါ်ယူနိုင်မှာ ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းက ဒီဇန်နဝါရီ အပြောင်းအရွေ့မှာ ကစားသမား (၄) ယောက်ခန့် ခေါ်ယူသွားလို့သိရပါတယ်။ ဒီရာသီမှာ လူကာကူ ၊ ဆန်းချက် ၊ ဟာရဲယား စတဲ့ကစားသမားတွေ အသင်းကနေထွက်ခွာသွားခဲ့ပြီး တချိုံအသင်းသားတွေကလည်း ဒဏ်ရာပြသာနာတွေကြောင့် မဖြစ်မနေ ကစားသမား  ခေါ်ယူဖို့လိုအပ်နေတာ ဖြစ်ပါတယ်။


16 Oct 2019     1,358 Views




RELATED

Most Popular of Football

Most Popular of Sport