BEC-TERO TV

နျူကလီးယားဗုံးဒဏ်သင့် အသက်ရှင်ကျန်ရစ်သူပြည်ပနိုင်ငံသားတွေကျန်းမားရေးစ ရိတ်အပြည့်ရရှိဖို့ဂျပန်အထူးတရားရုံးကအမိန့်ချမှတ်

14 Sep 2015     1,288 Views


၁၉၄၅ ခုနှစ်မှာ ဟီရိုးရှီးမားနဲ့ နာဂါဆာကီတို့မှာနျူကလီးယားဗုံးကြဲချိန်အသက်မသေဘဲ ရှင်ကျန်ခဲ့တဲ့ပြည်ပနိုင်ငံသားတွေဟာပြည်တွင်းကအသက်ရှင်ကျန်ရစ်နေသေးသူတွေနည်းတူညီမျှတဲ့ကျန်းမာရေးကုန်ကျရိတ်ကိုရရှိနိုင်မယ့်ဆုံးဖြတ်ချက်ကိုဂျပန်အထူးတရား ရုံးကချမှတ်လိုက်ပြီဖြစ်ပါတယ်။မတူညီတဲ့ကျန်းမာရေးစောင့်ရှောက်မှုစနစ်တွေအရဗုံး ဒဏ်သင့်နိုင်ငံခြားသားတွေကိုကုန်ကျစရိတ်အပြည့်မပေးနိုင်ဘူးလို့ဂျပန်အစိုးရကငြင်းဆိုထားတာပါ။ပြည်ပရောက်ဗုံးဒဏ်သင့်သူတွေကိုအစိုးရကသီးခြားအစီအစဉ်နဲ့ကျန်းမာရေးထောက်ပံ့မှုစရိတ်ပေးနေတာပါ။စက်တင်ဘာ ၈ ရက်တုန်းကတော့ဂျပန်အထူးတ ရားရုံးဟာတောင်ကိုရီးယားနိုင်ငံသားအသက်ရှင်ကျန်ရစ်သူတစ်ဦးနဲ့ဗုံးဒဏ်သင့်သေဆုံးသူ ၂ ဦးတို့ရဲ့မိသားစုဝင်တွေက ၂၀၁၁ ခုနှစ်ကတည်းကတိုင်တန်းခဲ့တဲ့အမှုကိုကြားနာခဲ့ တာပါ။ဗုံးဒဏ်သင့်သူ ၃ ဦးဟာဗုံးကြဲခံရချိန်မှာ ဟီရိုရှီးမားမှာရှိနေခဲ့သူတွေဖြစ်ပြီးနောက် ပိုင်းမှာတောင်ကိုရီးယားနိုင်ငံကိုပြန်သွားခဲ့တာပါ။တောင်ကိုရီးယားကုန်ကျတဲ့ဆေးဖိုး ကုန်ကျစရိတ်တွေရရှိဖို့အတွက်သူတို့ကအိုဆာကာစီရင်စုတရားစွဲခဲ့တာပါ။အထူးတရားရုံးဟာအောက်တရားရုံးတွေရဲ့ဆုံးဖြတ်ချက်ကို “ပ”လပ်လိုက်ပြီးပြည်ပမှာဆေးကုသမှုခံ ယူနေတဲ့ဗုံဒဏ်သင့်အသက်ရှင်ကျန်ရစ်သူတွေဆေးဝါးစောင့်ရှောက်မှုစရိတ်မရရှိတာက နျူကလီးယားဗုံးဒဏ်သင့်သူတွေကိုကယ်ဆယ်ရေးထောက်ပံ့မှုဆိုင်ရာဥပဒေကိုချိုးဖောက်ရာရောက်တယ်လို့တရားသူကြီး “ခီယိုကို အိုကာဘီ”ကပြောပါတယ်။


14 Sep 2015     1,288 Views




RELATED

Most Popular of Good Morning Myanmar

Most Popular of NEWS