BEC-TERO TV

မလေးရှားတွင် မြန်မာအမျိုးသမီးတစ်ဦး ဟိုတယ် ၁၉ လွှာက ခုန်ချကာ အဆုံးစီရင်

18 Oct 2019     2,076 Views


မလေးရှားနိုင်ငံ၏ တောင်ထွဋ်ဖျားပေါ်တွင် တည်ဆောက်ထားသော နာမည်ကျော်ကစားကွင်းနှင့် လောင်းကစားရုံ Casino များရှိရာ Genting Highland ရှိ ဟိုတယ်တစ်လုံး၏ ၁၉ လွှာပေါ်မှ မြန်မာအမျိုးသမီးတစ်ဦး ခုန်ချကာ အဆုံးစီရင်သွားခဲ့ကြောင်း သိရှိရသည်။

တရုတ်သတင်းစာ China Press တွင် ဖော်ပြချက်အရ အောက်တိုဘာလ ၁၂ ရက်နေ့က အသက် ၂၇ နှစ်အရွယ် မြန်မာအမျိုးသမီးတစ်ဦး ငွေရေးကြေးရေးအကြပ်အတည်းနှင့် အိမ်ထောင်ရေး သောကများကြောင့် မလေးရှားနိုင်ငံ Genting Highland ရှိ ဟိုတယ် ၁၉ လွှာပေါ်မှ ခုန်ချကာ အဆုံးစီရင်ခဲ့ကြောင်း သိရသည်။

သူမ အဆုံးမစီရင်မီမှာ WeChat မှ တစ်ဆင့် သူငယ်ချင်းများထံ မက်ဆေ့ပေးပိုးခဲ့ပြီး သူသေသွားခဲ့ရင် သူမရဲ့သမီးလေးကို ကောင်းကောင်းစောင့်ရှောက်ပေးဖို့ မှာကြားခဲ့ပါတယ်။ သူမပေးပို့ထားခဲ့တဲ့ မက်ဆေ့ စခရင်ရှော့ဓါတ်ပုံများ အွန်လိုင်းမှာပျံ့နှံ့ခဲ့ပါတယ်။

ငါ့မှာ ရင်းဂစ် ၁၀၀၀ ပဲကျန်တော့တယ်၊ သမီးလေးရဲ့ ပတ်စပို့ကိစ္စအဆင်ပြေရင် မကြာခင် မြန်မာပြည်ပြန်တော့မယ်၊ ငါတို့ တစ်ယောက်နဲ့တစ်ယောက် နောက်တစ်ခါ မဆုံနိုင်တော့မှာ စိုးရိမ်မိတယ်

WeChat မှာ ပြောဆိုမှုတွေအရ သူမဟာ လောင်းကစားလိုက်တဲ့အတွက် မလေးရှားရင်းဂစ် ၂ သိန်း (ကျပ်သိန်း ၇၃၀ ကျော်) ရှုံးခဲ့ပြီး ရင်းဂစ် ၁၀၀၀ သာ ကျန်တော့တာဖြစ်ပါတယ်။ ဒါ့အပြင် လက်ထပ်ပြီးကတည်းက အိမ်ထောင်ရေးအဆင်မပြေကြောင်းလည်း ပြောပြခဲ့ပါတယ်။

သူ့ကို လက်ထပ်မိတာ ငါ့ဘဝမှာ အကြီးအကျယ် စိတ်ပျက်စရာအကောင်းဆုံးပဲ။ ငါအခုတော့ သိသွားပြီ၊ သူ့ကိုငါ ဆွဲမထားတော့ဘူး

သူမဟာ အဆုံမစီရင်ခင်မှာ ဗီဒီယိုရိုက်ထားပြီး သူ့သမီးလေးဆီ ပို့ပေးဖို့ သူငယ်ချင်းဖြစ်သူကို မှာကြားခဲ့ပါတယ်။ အဲဒီနောက် လက်ခုတ်အပြည့် ဆေးတွေသောက်ပြီးနောက် ဟိုတယ် ၁၉ လွှာကနေ ခုန်ချအဆုံးစီရင်သွားခဲ့ပါတယ်။

ဒီအမှုကို သက်ဆိုင်ရာက စုံစမ်းစစ်ဆေးနေဆဲဖြစ်ပါတယ်။

 


18 Oct 2019     2,076 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS