BEC-TERO TV

ကွင်းပိတ်ပြီး စစ်ပွဲတစ်ပွဲလို ကစားခဲ့ကြတဲ့ မြောက်ကိုရီးယားနဲ့ တောင်ကိုရီးယားအသင်း

18 Oct 2019     1,415 Views


၂၀၂၀ ကမာ္ဘ့ဖလား အာရှဇုန်ခြေစစ်ပွဲစဉ် အုပ်စု(H)တွင်  မြောက်ကိုရီးယားနဲ့ တောင်ကိုရီးယား ယှဉ်ပြိုင်ကစားခဲ့ကြပြီး ဂိုးမရှိသရေရလဒ်ထွက်ပေါ်ခဲ့ပါတယ်။ အဆိုပါ (၂) နိုင်ငံဟာ အချင်းချင်း သင့်မြတ်မှုမရှိတဲ့ နိုင်ငံတွေဖြစ်ကြတာကြောင့် ဂျာနယ်လစ်များ၊ မီဒီယာအဖွဲ့အစည်းများ၊ ပရိသတ်များ၊ ရုပ်သံရိုက်ကူးသူများ စသည်ဖြင့် မည်သူမျှဝင်ခွင့်မရဘဲ ကွင်းပိတ်ကစားခဲ့ကြတာ ဖြစ်ပါတယ်။

အဆိုပါပွဲတွင်း BBCက ဖော်ပြသော သတင်းများအရ နှစ်ဖက်အသင်း ကြမ်းကြမ်းတမ်းတမ်းကစားခဲ့ကြပြီး ခိုက်ရန်ဖြစ်ပွားမှုတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။ တောင်ကိုရီးယားဘောလုံးအဖွဲ့ဒုဥက္ကဋ္ဌဖြစ်သူ ချွဲယောင်အီး က မြောက်ကိုရီးယားအသင်း ကစားပုံနဲ ပါတ်သတ်ပြီး ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါတယ်။

ချွဲယောင်အီး က ‘ ဒီပွဲက စစ်ပွဲတစ်ပွဲလိုပါပဲ..။ ကျွန်တော်ဘဝမှာ ဒီလောက်ပြင်းပြင်းထန်ထန် ကစားခဲ့တာ မျိုးတစ်ခါမှ မတွေ ့ဖူးပါဘူး။မြောက်ကိုရီးယားကစားသမားတွေက အလွန်ကြမ်းတမ်းစွာ ကစားခဲ့ပြီး ဘောလုံး ဥပဒေဘောင်ပြင်ပက ကစားဖို့ အဆင့်သင့်ဖြစ်နေကြပါတယ်  ’ လို့ပြောကြားခဲ့ပါတယ်။

စပါးအသင်းနဲ့ တောင်ကိုရီးယား တောင်ပံကစားသမား ဆွန်ဟောင်မင်ကလည်း ‘နိုင်ပွဲမရတာက အတော်လေးဆိုးပါတယ်။ ဒီပွဲဟာ အတော်လေးပြင်းထန်တဲ့ ပွဲတစ်ပွဲဖြစ်ခဲ့ပါတယ်။ ကျွန်တော်တို့ ကစားသမားတွေ ပြင်းပြင်းထန်ထန် ဒဏ်ရာမရရှိတာကိုက အောင်မြင်မှု တစ်ခုလို သတ်မှတ်ရမှာပါ။ ’ လို့ ပွဲအပြီးမှာ ပြောကြားခဲ့ပါတယ်။

၂၀၂၀ ကမာ္ဘ့ဖလား အာရှဇုန်ခြေစစ်ပွဲစဉ် အုပ်စု(H)တွင်  မြောက်ကိုရီးယားနဲ့ တောင်ကိုရီးယား အသင်းတို့ဟာ အုပ်စု တစ်စုတည်းတွင် ကျရောက်နေပြီး ရမှတ် (၇) မှတ်စီနဲ့ တောင်ကိုရီးယားက အဆင့်(၁) ၊ မြောက်ကိုရီးယားက အဆင့် (၂) နေရာမှာ ရပ်တည်နေကြပါတယ်။


18 Oct 2019     1,415 Views




RELATED

Most Popular of Football

Most Popular of Sport