BEC-TERO TV

ကလေးမီးဖွားစဉ် ဆရာဝန်က အချင်းနဲ့ သားအိမ် မှားဆွဲထုတ်မိလို့ မိခင်သေဆုံး

18 Oct 2019     1,995 Views


ဝိုး.. အတော်ကြောက်စရာကောင်းတာပါလား။

သားဖွားနဲ့ မီးယပ်ဆရာဝန်ရဲ့ မဆင်မခြင်ပေါ့လျော့မှုကြောင့် အသက် ၂၂ နှစ်အရွယ် မိခင်ဟာ သမီးလေးကို မီးဖွားပြီးပြီးခြင်းမှာ အချိမဆံ့ဝေဒနာခံစားရပြီး သေဆုံးသွားခဲ့ပါတယ်။

ရုရှားနိုင်ငံမှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ဆရာဝန်ဟာ ကလေးမွေးပြီးပြီးခြင်းမှာ ဗိုက်ထဲကနေ အချင်းကို ဆွဲထုတ်ယူရမယ့်အစား မှားယွင်းပြီး သားအိမ်ကို စောင့်ဆွဲထုတ်ယူမိခဲ့ရာ လူနာဖြစ်တဲ့ Alisa Tepikina က မချိမဆံ့အော်ဟစ်ခဲ့ပြီးနောက် ချက်ခြင်းပဲ သတိလစ်မေ့မြောကာ (ကိုမာ)ရသွားခဲ့ပါတယ်။ အဲဒီနောက် နှလုံးကိုသွားဆောင့်ပြီး သေဆုံးသွားခဲ့ပါတယ်။

အသက် ၂၇ နှစ်အရွယ် ဆရာဝန်ကို ၆ လကြာမှ စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပြီး ပြစ်မှုထင်ရှားရင်တော့ သူ့အနေနဲ့ ထောင်ဒဏ် ၃ နှစ်ကျခံဖွယ်ရာရှိပါတယ်။ အဆိုပါဆေးရုံမှ ဦးစီးဦးဆောင် ဆရာဝန်ကြီးက ဒီလိုဖြစ်ရတာဟာ အလွန်အင်မတန်မှ ဖြစ်ခဲလှတဲ့ သားအိမ်ပြောင်းပြန်လှန်ခြင်းကြောင့် ဖြစ်ရတယ်လို့ ခုခံပြောဆိုပါတယ်။

Alisa ရဲ့ အမှုမှာ ဆရာဝန်အနေနဲ့ မေ့ဆေးပေးထားတဲ့ အခြေအနေမှာ အချင်းကို ကိုယ်တိုင်လက်နဲ့ ဆွဲထုတ်ဖို့ လိုအပ်ခဲ့ပါတယ် ဒါပေမယ့် သေသေချာချာ မလုပ်တဲ့အတွက် ချက်ကြိုးကနေတစ်ဆင့် သားအိမ်ကို ပြောင်ပြန်လှန်သွားစေခဲ့တာဖြစ်ကြောင်း ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူတွေက ပြောဆိုခဲ့ပါတယ်။

အမျိုးသမီးရဲ့ အတွင်းကလီစာတွေကို ဆွဲထုတ်မိပြီး ပြန်ထည့်သွင်းဖို့ အချိန်နောက်ကျခဲ့ပါတယ်။ သွေးတွေအလွန်အကျွံထွက်နေတာရယ် လူနာက ရှော့ခ်ရနေတာရယ်နဲ့ နှလုံးဖော်ပြန်မှုတွေကို ကုသနေရတာကြောင့် အချိန် ၄ နာရီနဲ့ ၁၅ မိနစ်ကြာပြီးမှ သားအိမ်ကို သူ့နေရာနဲ့သူ နေသားတကျဖြစ်အောင် ပြန်ထားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် အချိန်အလွန်နှောင်းသွားခဲ့ပါပြီ။

Alisa Tepikina ရဲ့ သမီးလေးကတော့ ကျန်းကျန်းမာမာရှိပြီး အခုဆိုရင် အဖိုးအဖွားတွေ လက်ထဲမှာ ကြီးပြင်းရတော့မှာဖြစ်ပါတယ်။


18 Oct 2019     1,995 Views




RELATED

Most Popular of Special or Others

Most Popular of NEWS