BEC-TERO TV

၁၀ ပေခန့်ရှိတဲ့ စပါးကြီးမြွေ ရစ်ပတ်ခံရပြီး သေဘေးမှ သီသီလေးလွတ်ခဲ့သူ (ရုပ်သံ)

18 Oct 2019     1,997 Views


ကောလိပ်ကျောင်းတစ်ခုမှာ ခြုံနွယ်ပိတ်ပေါင်းတွေရှင်းနေတဲ့ ခြံလုပ်သားကြီးတစ်ဦးဟာ စပါးကြီးမြွေညို့ခံရပြီး လည်းပင်ကို ပတ်ကာ ညှစ်သတ်နေစဉ် အခြားရွာသားတွေ မြင်သွားခဲ့တာကြောင့် သေဘေးကနေ သီသီလေး လွတ်မြောက်ခဲ့ရပါတယ်။

အောက်တိုဘာလ ၁၅ ရက်နေ့က အိန္ဒိယနိုင်ငံတောင်ပိုင်း Kerala မှာ ဖြစ်ပွားခဲ့တာပါ။ ၁၀ ပေခန့်ရှည်လျားတဲ့ စပါးကြီးမြွေက မလွတ်တမ်း လည်ပင်းကို ရစ်ပတ်ကာ ညှစ်နေတာကို ယောက်ျား ၂ ယောက်အားနဲ့ အတင်းဆွဲဖယ်ခဲ့ရတဲ့ ရုပ်သံ အွန်လိုင်းပေါ် ပျံ့နှံ့ခဲ့ပါတယ်။

ရုပ်သံမှာ မြွေကြီးကို အတင်းဆွဲခွာဖို့ ကြိုးစားနေကြတာကို တွေ့ရပြီး မြွေပတ်ခံထားရတဲ့ အမျိုးသားကြီးကလည် လည်ပင်းအစ်တဲ့ ဒဏ်ကို အလူးအလဲခံနေခဲ့ရပါတယ်။

နောက်ဆုံးမှာတော့ မြွေကြီးကို ဆွဲခွာချကာ ဆာလာအိတ်ကြီးတစ်လုံးထဲ ထည့်နိုင်ခဲ့ပါတယ်။

နောက်ထပ်နှစ်ရက်လောက် အကြာမှာ မြွေကြီးကို ဘေးကင်းတဲ့ တောထဲသို့ ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။

မြွေပတ်တာကိုခံခဲ့ရသူနဲ့ ကယ်တင်သူ အမျိုးသားများက Kerala Institute of Management campus မှ အစိုးရဝန်ထမ်းတွေ ဖြစ်ကြောင်း သိရသည်။


18 Oct 2019     1,997 Views




RELATED

Most Popular of Special or Others

Most Popular of NEWS