ဆိုရှယ်မီဒီယာ လုံးဝမသုံးတဲ့ ကိုးရီးယားအနုပညာရှင် (၁၂) ဦး
18 Oct 2019 1,717 Views

ဆိုရှယ်မီဒီယာဆိုတာ အနုပညာရှင်တွေနဲ့ ပရိတ်သတ်တွေ ပိုမိုရင်းနှီးမှုရရှိစေဖို့ အသုံးပြုကြသလို မကောင်းတဲ့အတင်းအဖျင်း၊ အမုန်းစကားတွေကို အမြန်ဆုံး ပျံ့နှံ့သွားစေနိုင်တဲ့ အရာတစ်ခုပဲဖြစ်ပါတယ်။
အနုပညာရှင်ကို ချစ်တဲ့ ပရိတ်သတ်အများစုကတော့ မိမိတို့ ကြိုက်နှစ်သက်တဲ့ အနုပညာရှင်တွေကို (လူမှုကွန်ယက်) ဆိုရှယ်မီဒီယာကို အသုံးပြုစေလိုတဲ့ ဆန္ဒလေးတွေ ကိုယ်စီရှိကြပါတယ်။ ဒါပေမဲ့ ဒီအနုပညာရှင်တွေကတော့ ဆိုရှယ်မီဒီယာကို လုံးဝအသုံးမပြုကြပါဘူး။ သူတို့ ဘယ်သူတွေဖြစ်မယ်ဆိုတာ သိရှိဖို့ ဆက်လက်ဖတ်ရှုလိုက်ရအောင်။
Gong Yoo
.jpg)
သရုပ်ဆောင် မင်းသားကြီး Gong Yoo ကတော့ ဆိုရှယ်မီဒီယာမှာ မန်မိုရီတွေ ပြန်တက်၊ ပြန်ပေါ်လာတာမျိုးကို မကြိုက်ပါဘူးတဲ့။ သူလည်း ပုထုဇဉ်လူသားတစ်ယောက်ပေမို့ မေ့ချင်တဲ့ အတိတ်တွေရှိချင်ရှိလာနိုင်တယ်၊ ဒါကြောင့် ဆိုရှယ်မီဒီယာက သူနဲ့ မကိုက်ညီဘူးလို့ ဆိုပါတယ်။
Yoo Jae Suk

လူကြိုက်များတဲ့ Running Man အဖွဲ့ဝင် Yoo Jae Suk ကတော့ ဆိုရှယ်မီဒီယာကို စွဲလမ်းပြီး တခြားလုပ်စရာရှိတဲ့အလုပ်တွေကို မလုပ်မိတော့မှာ စိုးတာကြောင့် မသုံးစွဲဖြစ်ဘူး လို့ဆိုပါတယ်။
Song Joong Ki

Song Joong Ki ကတော့ ဘဝကို ရိုးရိုးရှင်းရှင်းနေထိုင်တတ်ပြီး စက်ပစ္စည်း(ယနေ့ခေတ် နည်းပညာ) တွေ အကုန်လုံးကို နားမလည်နိုင်တာကြောင့် ဆိုရှယ်မီဒီယာမသုံးဖြစ်ဘူးလို့ ဆိုပါတယ်။
Park Bo Young

ချစ်ဖို့ကောင်းတဲ့ မင်းသမီးချောလေး Park Bo Young ကတော့ သူဟာ ဒေါသထွက်လွယ်သူတစ်ဦးဖြစ်ပြီး သူ့စိတ်သူ မထိန်းနိုင်မှာ စိုးတာကြောင့် ဆိုရှယ်မီဒီယာကို မသုံးဖြစ်တာပါတဲ့။
Kang Dong Won

သရုပ်ဆောင် Kang Dong Won ကတော့ သူ့မှာ ဆိုရှယ်မီဒီယာမသုံးရခြင်း အကြောင်းအရင်း (၃)ချက်တိတိရှိတယ်လို့ဆိုပါတယ်။ (၁) သူ့မှာ ဘာမှ မျှဝေစရာမရှိခြင်း၊ (၂) လူစိမ်းတွေအများကြီးနဲ့ စကားပြောရတာ (chat ရတာမျိုး) ကိုမနှစ်သက်ခြင်း၊ (၃) ဒါဟာ လူအချင်းချင်းဆက်သွယ်ပြောဆိုဖို့ အရေးကြီးတဲ့အရာ(မှန်ကန်တဲ့နည်းလမ်း) လို့ ထင်မှတ်မထားခြင်း ဆိုပြီး ပြောပြထားပါတယ်။
Park Hae Jin

သရုပ်ဆောင် Park Hae Jin ကတော့ဖြင့် ဆိုရှယ်မီဒီယာဆိုတာ အနုပညာအလုပ်တွေ ပရိုမိုးရှင်းဆင်းဖို့ အသုံးချလို့ရတဲ့ နေရာတစ်ခုအဖြစ် ယုံကြည်ထားပေမယ့် နောက်ပိုင်းအရှုပ်အရှင်း ပြဿနာကိစ္စရပ်တွေ ရှိလာနိုင်တာကြောင့် မသုံးတာပိုကောင်းတယ်လို့ဆိုပါတယ်။
Kim Hee Won

သရုပ်ဆောင် မင်းသားကြီး Kim Hee Won ကတော့ သူ့ကိုယ်ပိုင်ဘဝကို လူသိမခံလိုတာရယ်၊ အများပြည်သူနဲ့အတူ ဝေမျှပေးဖို့ အကြောင်းအရာ လုံလုံလောက်လောက်မရှိတာကြောင့် မသုံးဖြစ်တာလို့ ဆိုပါတယ်။
Chungha

အဆိုတော် Chaungha ကတော့ သူမအသက်ငယ်ရွယ်နေတုန်း ဆိုရှယ်မီဒီယာမှာ အမှားလုပ်မိမှာစိုးတာကြောင့် မသုံးဖြစ်ဘူးလို့ဆိုပါတယ်။ အတွေ့အကြုံရင့်ကျက်လာတဲ့တစ်နေ့ ပရိတ်သတ်အတွက် သုံးရင် သုံးဖြစ်လိမ့်မယ်လို့ Chungha ကပြောပါတယ်။
Dong Ha

သရုပ်ဆောင် Dong Ha ကတော့ ‘ဆိုရှယ်မီဒီယာဆိုတာ ပြဿနာအများကြီးဖြစ်လာနိုင်တဲ့ နေရာတစ်ခု’ လို့ဆိုပါတယ်။ လူအများ ပြောစကား(ဝေဖန်ပုတ်ခတ်မှုတွေကြောင့်) ဝမ်းနည်းနေရမှာထက်စာရင် ဘာမှမသုံးတာက ကိုယ့်စိတ်ကိုယ်ကိုယ် ကာကွယ်ထားရာရောက်ပါတယ်လို့ ပြောပါတယ်။
Minho
.jpg)
Shinee အဖွဲ့ဝင် Minho ကတော့ စက်ပစ္စည်း(ခေတ်ပေါ်နည်းပညာ) တွေနဲ့ သိပ်မအက်စပ်ဘူးလို့ဆိုပါတယ်။ ဒါ့အပြင် Minho က ဆိုရှယ်မီဒီယာသုံးတာဟာ အချိန်ဖြုန်းတယ်လို့ ယူဆမိတာကြောင့် မသုံးဖြစ်ဘူးလို့ ဆိုပါတယ်။
Ha Jung Woo

နာမည်ကျော် သရုပ်ဆောင် Ha Jung Woo ကတော့ သူ့အသက်အရွယ်နဲ့ ဆိုရှယ်မီဒီယာသုံးဖို့ မကိုက်ညီတာကြောင့် မသုံးဖြစ်ဘူးလို့ဆိုပါတယ်။ (Ha Jung Woo အသက်ကတော့ 41 နှစ်ရှိပါပြီ)
P.O

Block B အဖွဲ့ဝင် P.O ကတော့ ဆိုရှယ်မီဒီယာမသုံးရခြင်းအကြောင်းအရင်း (၂) ချက်တိတိရှိပါတယ်တဲ့။ (၁) စက်ပစ္စည်း(ခေတ်ပေါ် နည်းပညာတွေကို ကိုင်တွယ်အသုံးပြုဖို့ခက်ခဲခြင်း) ၊ (၂) သူဟာ စိတ်ခံစားလွယ်သူတစ်ဦးဖြစ်ပြီး အရက်မူးလာရင် စာအရှည်ကြီးရေးပြီး လူမှုကွန်ယက်မှာ လျှောက်တင်မိမှာ စိုးတဲ့အတွက် အသုံးမပြုဖြစ်ဘူးလို့ ဆိုပါတယ်။
*ဆိုရှယ်မီဒီယာမှာ အမုန်းပွားတတ်တဲ့ လူတစ်စုကြောင့် သရုပ်ဆောင်၊ အဆိုတော် Sulli ကတော့ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့ပါတယ်။ လက်နက်တွေ ကိရိယာတွေနဲ့ သတ်မှ လူသတ်တာမဟုတ်ပါဘူး၊ စိတ်ကိုသတ်လဲသေပါတယ်။ ဒီအနုပညာရှင်တွေကတော့ သူတို့စိတ်ကို သူများသတ်တာမခံရအောင် ကြိုတင်ပြင်ဆင်ထားပြီးကြပါပြီ။*
ref:koreaboo
(ပိုပိုလေး)







