BEC-TERO TV

မွေးရပ်မြေ ဆီနီဂေါမှာ တစ်အိမ်ထောင်လျှင် တစ်လ ယူရို ၇၀ ထောက်ပံပေးနေတဲ့ မာနေး

18 Oct 2019     1,407 Views


လီဗာပူးလ် တိုက်စစ်မှူး မာနေးဟာ ခုချိန်မှာ အောင်မြင်တဲ့ ဘောလုံးသမားတစ်ယောက်ဖြစ်နေပေမယ့် ငယ်စဉ်က ခက်ခက်ခဲခဲရုံးကန်ခဲ့ရတဲ့ ဘဝကို မေ့ပျောက်ခြင်းမရှိပါဘူး။ အခုချိန် သူဘဝ အဆင်ပြေပြေဖြစ်နေချိန်မှာ ဆီနီဂေါမှ ဆင်းရဲ ချို့တဲ့ တဲ့ မိသားစုတွေကို ငွေကြေးအရ ထောက်ပံပေးနေပြီး ကျောင်းတွေ ၊ ကစားကွင်းတွေလည်း ဆောက်လုပ်ပေးနေပါတယ်။

မာနေဟာ အမေရိကန်သတင်းစာ AS တွေ့ဆုံစဉ်မှာ သူဘဝအကြောင်းကို အခုလို ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။

‘ကျွန်တော့အတွက် ဖာရာရီ ကားအစီး ၂၀ ဘာလုပ်ရမှာလဲ..။ စိန်တွေ ၊ တန်ဖိုးကြီး နာရီတွေ ၊ ကိုယ်ပိုင်ဂျက်လေယာဉ် တွေမလိုအပ်ပါဘူး..။ ဒါတွေက  ကျွန်တော်ကို ဘာတွေများ လုပ်ပေးနိုင်မှာမို့လိုလဲ..?

ကျွန်တော်ဟာ ထမင်းတောင် နပ်မှန်အောင်မစားခဲ့ရတဲ့ ဘဝကနေကြီးပြင်လာခဲ့ရတာပါ..။ ထမင်းလေးစားရဖို့အတွက် လယ်ကွင်းထဲမှ ပင်ပင်ပန်းပန်း အလုပ်ခဲ့ရပါတယ်။ ကျွန်တော်မှာ အတန်းပညာရေး မရှိဘူး။ လိုအပ်ချက်တွေအများကြီး​ ရှိခဲ့ပါတယ်။ ဒါပေမယ် ဒီနေ့မှာ ဘောလုံးရဲ့ ကျေးဇူးကြောင့် ကျွန်တော် အဆင်ပြေပြေနေနိုင်နေပြီလေ..။

ခုချိန်မှာ ပိုက်ဆံတွေ ရှိနေလို့လည်း သုံးဖြုန်းမနေပါဘူး..။ တန်ဖိုးကြီး ပစ္စည်းတွေလည်း ကျွန်တော်အတွက် မလိုအပ်ပါဘူး။ ကျွန်တော်လည်း ဘဝသမားမို့ ခက်ခဲတဲ့သူတွေကို ကူညီတယ်။ ကျောင်းတွေဆောက်တယ် ။ ကစားကွင်းတွေ ပေးတယ်။ အဝတ်အစား ၊ အစားအသောက်တွေကို ကူညီထောက်ပံနေတာပါ..။ ’

နောက် မာနေးဟာ ဆီနီဂေါမှာ ရှိတဲ့ ချို့တဲ့သူတွေကို တစ်အိမ်ထောင်လျှင် တစ်လ ယူရို ၇၀ စီထောက်ပံ့ပေးထားပါတယ်။ကျနော့် အတွက် ကားတွေ ၊ အိမ်ဂေဟာကြီးတွေ မလိုပါဘူး။ ကျနော့် အတွက် အပျော်ခရီးတွေ ထွက်ဖို့ မလိုပါဘူး။ တကယ်လိုအပ်တဲ့ သူတွေကို ကူညီခွင့် ရရင်ပဲ ကျနော် ကျေနပ်နေပါပြီ” လို့ ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

မာနေးဟာ ပြီးခဲ့ရာသီက လီဗာပူးလ်အသင်းကို ချန်ပီယံလိဂ်ဖလား ဆွတ်ခူးနိုင်အောင် စွမ်းဆောင်ပေးထားနိုင်ခဲ့ပါတယ်။ ဒီရာသီမှာ လီဗာပူးလ်ဟာ ပရီးမီးယားလိဂ်မှာ ရာနှုန်းပြည့် နိုင်ပွဲရထားပြီး မာနေးဟာ အသင်းအတွက် (၅) ဂိုးသွင်းယူထားနိုင်ခဲ့ပါတယ်။


18 Oct 2019     1,407 Views




RELATED

Most Popular of Football

Most Popular of Sport