BEC-TERO TV

ပိုက်ဆံတောင်းတာ မပေးလို့ သူတောင်းစားက ဓါးနဲ့ထိုး (ရုပ်သံ)

21 Oct 2019     1,964 Views


ပိုက်ဆံလိုက်တောင်းနေတဲ့သူတွေကို မီးပွိုင့်လမ်းဆုံတွေ အပါအဝင် နေရာအတော်များများမှာ တွေ့ရလေ့ရှိပါတယ်။ ဘယ်လိုအကြောင့်ကြောင့်ပဲဖြစ်စေ သူတို့ကို ပိုက်ဆံပေးဖို့ ဆန္ဒမရှိဘူးဆိုရင်တော့ ကားမှန်ပိတ်ထားတာပဲဖြစ်ဖြစ် ဝေးဝေးကပဲနေသင့်ပါတယ်။

သူတို့တောင်းတာကို ကိုယ်ကမပေးလိုက်တဲ့အခါ အချို့တောင်းစားသူတွေက အေးအေးသက်သာ ထွက်သွားတတ်ကြသလို အချို့ကတော့ ရန်မူတတ်ကြပါတယ်။

ဆင်းရဲမွဲတေမှုကြုံနေရတဲ့ နိုင်ငံတွေမှာ ဒီလိုမျိုး လမ်းပေါ်မှာ တောင်းရမ်းစာသောက်မှုတွေ ရှိနေပါတယ်။ မလေးရှားနိုင်ငံ ဆာရာဝပ်ခ်မြို့မှာ အသက် ၆၂ နှစ်အရွယ် အမျိုးသားကြီးကို ပိုက်ဆံတောင်းရမ်းတဲ့ အမျိုးသားတစ်ဦးက ဓါးနဲ့အကြိမ်ကြိမ်ထိုးခဲ့တာကြောင့် သေဆုံးမှုတစ်ခု ဖြစ်ပွားခဲ့ပါတယ်။

ကြက်၊ ဘဲ ကုန်သည် အမျိုးသားကြီးက သူ့ရဲ့ SUV ကားနဲ့ မှာထားတဲ့ ဝယ်ယူသူတွေဆီ ကြက်၊ ဘဲ လိုက်ပို့နေခဲ့ပါတယ်။ တစ်နေရာမှာ ကားပါကင်ထိုးပြီး ကားပေါ်က ဆင်းလာစဉ် အသက် ၃၆ နှစ်အရွယ် အင်ဒိုနီးရှားအမျိုးသားတစ်ဦးက မလေးပိုက်ဆံ ရင်းဂစ် ၁၀ ပေးဖို့ တောင်းရမ်းရာ ငြင်းပယ်လိုက်သဖြင့် နှစ်ယောက်သား အခြေအတင်စကားများကြပြီး မီးဖိုဆောင်သုံးဓားနဲ့ ထိုးခံခဲ့ရပါတယ်။ ထွက်ပြေးခဲ့ပေမယ့် နောက်ကနေ လိုက်လံထိုးခဲ့တာကြောင့် ဒဏ်ရာပြင်းထန်စွာရပြီး ဆေးအမှူထမ်းတွေ ရောက်မလာခင်မှာပဲ သေဆုံးသွားခဲ့ပါတယ်။

တရားခံကိုတော့ မျက်မြင်သက်သေတွေရဲ့ အကူအညီနဲ့ နောက်ထပ် ၂ နာရီခန့်အကြာမှာ ရဲတွေက ဖမ်းဆီးနိုင်ခဲ့ပြီး ပုဒ်မ ၃၀၂ လူသတ်မှုဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။


21 Oct 2019     1,964 Views




RELATED

Most Popular of International News

Most Popular of NEWS