BEC-TERO TV

မြန်မာ့လက်ရွေးစင်အသင်းကို အန်တွမ်နီဟေး ၊ ဦးကြည်လွင် တို့ကိုင်တွယ်သွားမယ်

21 Oct 2019     1,449 Views


မြန်မာ ဘောလုံးအဖွဲချုပ်ဟာ မြန်မာလက်ရွေးစင်အသင်းနည်းပြ ရာဂျူးလိုဗစ်ကို နည်းပြအဖြစ်မှ ထုတ်ပယ်ခဲ့ပြီး အရင်ကလက်တွဲခဲ့ဖူးတဲ့ ဂျာမန်နည်းပြ အန်တွမ်နီဟေးကို ခန့်အပ်တာဝန်ပေးလိုက်တယ်လို့ သိရပါတယ်။

အရင်က အာရှမှာ အောင်မြင်မှုတွေရခဲ့ပေမယ့် မြန်မာလက်ရွေးစင်အသင်းကို ကိုင်တွယ်ရာမှာ ရလဒ်ဆိုးတွေ ကြုံတွေနေရတာကြောင့် နည်းပြ ရာဂျူလိုဗစ်ကို ထုတ်ပယ်လိုက်တာဖြစ်ပါတယ်။ ရာဂျူးလိုဗစ်ကို ပြီးခဲ့တဲ့ April လကမှ သူကို ခန့်အပ်ခဲ့တာဖြစ်ပြီး (၅) ပွဲကစားရာ (၄) ပွဲရှုံးနိမ့်ခဲ့ပါတယ်။ အနိုင်ရခဲ့တဲ့ (၁) ပွဲကတော့ ခြေစမ်းပွဲမှာ ၂-၁ ဖြင့် စင်ကာပူကို အနိုင်ရခဲ့တာဖြစ်ပါတယ်။

အဆိုးဆုံးကတော့ နောက်ဆုံး ခြေစစ်ပွဲ  (၃) ပွဲမှာ မွန်ဂိုလီးယား ၊ ဂျပန် ၊ ကာဂျစ္စတန်အသင်းတို့ကို ရှုံးနိမ်ခဲ့တာ ဖြစ်ပါတယ်။အဆိုပါ ရှုံးပွဲတွေမှာ ပေးဂိုး(၁၀) အထိရှိခဲ့ပြီး ရဂိုးတစ်ဂိုးမှ မရရှိခဲ့တာ ဖြစ်ပါတယ်။

မြန်မာလက်ရွေးအသင်းကို နည်းပြချုပ်အဖြစ် ဂျာမန်နည်းပြ အန်တွမ်နီဟေးက ကိုင်တွယ်မှာဖြစ်ပြီး လက်ထောက်နည်းပြအဖြစ် ဦးကြည်လွင်က ပါဝင်ဆောင်ရွတ်သွားမှာ ဖြစ်ပါတယ်။ ဦးကြည်လွင်ဟာ မြန်မာ ပရိတ်သတ်တွေရဲ့ အချစ်တော် တစ်ဦးဖြစ်ခဲ့ပြီး ပြီးခဲ့တဲ့ ၂၀၁၅ ဆီးဂိမ်းပြိုင်ပွဲမှာ မြန်မာ ယူ-၂၃ အသင်းကို ဖိုင်နယ်အထိ ရောက်အောင်စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။

မြန်မာလက်ရွေးစင်အသင်း နည်းပြများ

အီဗန်ကိုလက်ဗ် ( ဘူဂေးရီးယား) - တိုက်ဂါးဖလား ဆီမီးဖိုင်နယ် ( ၂၀၀၄-၀၅)

ဆန်းဝင်း ( မြန်မာ) - မာဒေးကား ချန်ပီယံ ( ၂၀၀၆)

ဖလော်ပါ ( ဘရာဇီး) - မာဒေးကား ဒုတိယ ( ၂၀၀၇)

တင်မြင့်အောင် ( မြန်မာ) ၂၀၀၉

ဒရာဂိုမာမစ် ( ခရိုအေးရှား) - ၂၀၀၉ မှ ၂၀၁၀

မီလန် ဇီဘာဒီနိုဗစ် ( ဆားဘီးယား) - ၂၀၁၁

ပတ်ဆောင်ဟွာ ( တောင်ကိုရီးယား) - ၂၀၁၁ မှ ၂၀၁၃

ဂတ်ဇီ ( ဂျာမနီ) - ၂၀၁၅ မှ ၂၀၁၈

အန်တိုနီယိုဟေး ( ဂျာမနီ) - ၂၀၁၈

ရာဒူလိုဗစ် ( မွန်တီနီဂရိုး) - ၂၀၁၉

ဦးဆန်းဝင်း ၊ ဦးတင်မြင့်အောင် ၊ ဦးဇော်ဝင်ထွန်း ၊ ဦးမျိုးမင်းထွန်း (ယာယီနည်းပြအဖြစ် ကိုင်တွယ်ခဲ့ကြ)

အောင်မြင်မှု

အိုလံပစ် - ( ၁၉၇၂၊ အသန့်ရှင်းဆုံးဆု)

အာရှဖလား - ( ၁၉၆၈၊ ဒုတိယ )

အာရှအားကစားပြိုင်ပွဲ - ( ၁၉၆၆၊ ၇၀ ချန်ပီယံ)

တိုက်ဂါးဖလား/ အာဆီယံ ချန်ပီယံရှစ် - ဆီမီးဖိုင်နယ်၊ စတုတ္ထ


21 Oct 2019     1,449 Views




RELATED

Most Popular of Football

Most Popular of Sport