BEC-TERO TV

မသေခင်တုန်းက ဒီပရက်ရှင်ကြောင့် သင်းအုပ်ဆရာနဲ့ သွားရောက်တွေ့ဆုံဖူးတဲ့ Sulli

21 Oct 2019     1,576 Views


တောင်ကိုးရီးယား နာမည်ကြီး အဆိုတော် သရုပ်ဆောင် Sulli ဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၄ ရက်နေ့က နေအိမ်မှာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ပြီး ဘဝတစ်ပါးသို့ ကူးပြောင်းသွားခဲ့ပါတယ်။ Sulli သေဆုံးတာနဲ့ ပတ်သတ်ပြီး တောင်ကိုးရီးယားတစ်နိုင်ငံလုံးနီးပါး ဝမ်းနည်းပူဆွေးနေကြပါတယ်။

Kim Hyung Kook အမည်ရတဲ့ ခရစ်ယာန် ဘုန်းတော်ကြီးတစ်ဦးက လွန်ခဲ့တဲ့ နှစ်နှစ်ခန့်အချိန်တုန်းက Sulli ဒီပရက်ရှင်(စိတ်ကျဝေဒနာရောဂါ) ကြောင့် သူ့ဆီ ဆွေးနွေးဖို့လာရောက်ဖူးတယ်ဆိုတဲ့အကြောင်း မီဒီယာတွေကို ပြောပြလာပါတယ်။

“နာမည်ကြီး အနုပညာရှင်တစ်ဦး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားတယ်ဆိုတဲ့ သတင်းဖတ်လိုက်ရတယ်။ ဒါက ဖြစ်ရိုးဖြစ်စဉ် ကိစ္စရပ်တစ်ခုပဲလို့ ထင်မိတာကြောင့် ဒီတိုင်း မသိကျိုးကျွံပြုနေမိတာ သတင်းကို သေချာဖတ်ကြည့်မှ ဒီမိန်းကလေးက ကျွန်ုပ်ဆီလာဖူးတဲ့ မိန်းကလေးဖြစ်နေတယ်။ Sulli လွန်ခဲ့တဲ့ ၂ နှစ်တုန်းက စိတ်ကျရောဂါဝေဒနာခံစားနေရတာနဲ့ ပတ်သတ်ပြီး လူချင်းတွေ့ ဆွေးနွေးဖို့ လာရောက်ခဲ့တယ်။

လူမှန်ရင် ဘဝကြီးမှာကောင်းတာလည်းကြုံတွေ့နိုင်သလို အဆိုးတွေနဲ့လဲ ရင်ဆိုင်ရတတ်တယ်။ ဒါပေမဲ့ ခင်ဗျားတို့ သိလား အဆိုးမြင်စိတ်နဲ့ မလုံခြုံဘူးလို့ခံစားနေရတဲ့စိတ်ကလဲ ကူကယ်ရာမဲ့ပြီး အဆုံးမရှိဘူးဆိုတာ။ Sulli က ဒီဝေဒနာကို ခံစားနေခဲ့ရတာ။

Sulli ဘုရားကျောင်းလာပြီး သမ္မာကျမ်းစာနဲ့ ဘုရားဝတ်ပြုတဲ့ သင်တန်းတွေလည်း လာပြီးတက်ရောက်ခဲ့သေးတယ်။ ပြီးမှ အကြောင်းအမျိုးမျိုးကြောင့် မတက်ဖြစ်တော့ဘူးလို့ပြောပြီး မလာတော့တာ။ အဲ့ဒီအချိန်တုန်းက တွေ့ရတဲ့ Sulli က အခြေအနေအဲ့လောက်မဆိုးသေးဘူး။ ရက် အတော်ကြာ သင်တန်းလာတက်ပြီးနောက်မှာ အလုပ်ကိစ္စတွေကြောင့် လာမတက်ဖြစ်ဘူးလို့ပြောတယ်။ သူ့အခြေအနေက လျစ်လျူရှုထားလို့မရတဲ့ အခြေအနေမဟုတ်တာကြောင့်  ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်ဖို့ မကြာမကြာ မက်ဆေ့ခ်ျပို့ပြီး ပြောရတယ်။ ဒါပေမဲ့ Sulli ဘက်ကတော့ မက်ဆေ့ခ်ျပြန်ပို့ခြင်းမရှိခဲ့ဘူး။

အဆက်အသွယ်ပြတ်တာကြာသွားတဲ့နောက်ပိုင်း sulli ရုတ်တရက်သေဆုံးသွားတယ်ဆိုတဲ့ သတင်းကြားရတော့ တကယ်ပဲ စိတ်မကောင်းဘူး။ တမန်တော်ရဲ့ လက်ထဲမှာ အေးချမ်းစွာ အိပ်စက်နိုင်ပါစေလို့ပဲ ဆုတောင်းပေးလိုက်ပါတယ်။” ဆိုပြီး ပြောပြာသွားပါတယ်။

ref:koreaboo

(ပိုပိုလေး)

 


21 Oct 2019     1,576 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS