BEC-TERO TV

ကာတာလိုနီယာဒေသ ပဋိပက္ခကိုများကို EU နဲ့ ဗြိတိန် ဝင်ရောက်ဖြေရှင်းပေးစေလိုတဲ့ ဂွါဒီယိုလာ

21 Oct 2019     1,337 Views


စပိန်နိုင်ငံအစိုးရနဲ့ ကာတာလိုနီယာဒေသခံများ၏ ပဋိပက္ခကိုများဟာ တဖြည်းဖြည်းနဲ့ ကြီးထွားလာခဲ့ပြီး ဆန္ဒပြပွဲတွေလည်း ဆက်တိုက်ဖြစ်ပွားလျှက်ရှိပါတယ်။ ၂၀၁၇ ခုနှစ်က ကတ်တလန်ခွဲထွက်ရေးကြိုးပမ်းမှုတွင် ဦးဆောင်ခဲ့တဲ့ နိုင်ငံရေးသမားနှင့် လူထုခေါင်းဆောင် (၉) ဦးကို ထောင်ဒဏ် (၉) နှစ်မှ (၁၃) ထိချမှတ်ချပြီးနောက် ဆူပူမှုတွ ဖြစ်ပွားလာခဲ့ပါတယ်။

မန်စီးတီးနည်းပြ ဂွါဒီယိုလာဟာ စပိန်အစိုးရနှင့် ကာတာလိုနီယာဒေသခံများအကြား ဥရောပနိုင်ငံများနဲ့ ဗြိတိန်နိုင်ငံတွေက ဝင်ရောက်ဖြေရှင်းပေးစေလိုကြောင်း တိုက်တွန်းပြောကြားခဲ့ပါတယ်။ ဂွါဒီယိုလာဟာ ဘာစီလိုနာအသင်းခေါင်းဆောင်ဟောင်း နည်းပြဟောင်းဖြစ်ပြီး အရင်က ကက်တလန်ဒေသခွဲထွက်ရေး ကြိုးပမ်းမှုတွင် ခွဲထွက်ခွင့်ရရေးအတွက် မဲထည့်ခဲ့ဖူးတယ်လို့ သိရပါတယ်။

ဂွါဒီယိုလာက ‘ ကာတာလိုနီယာဒေသခံတွေ နဲ့ စပိန်အစိုးရအကြား ဖြစ်ပွားနေတဲ့ ပဋိပက္ခပြသာနာတွေကို ဖြေရှင်းနိုင်ဖို့အတွက် နိုင်ငံတကာအဖွဲအစည်းတွေလိုအပ်နေပါတယ်။ ဒီကိစ္စတွေအတွက် ဗြိတိန်နိုင်ငံတွေနဲ့ ၊ ဥရောပနိုင်ငံတွေက ကြားဝင်စေ့စပ်ပေးနို်ငဖို့လည်း မျှော်လင့်ပါတယ်လို့  ’ ပြောကြားခဲ့ပါတယ်။

လူ(၉) ဦးကိုထောင်ဒဏ်ချမှတ်ပေးပြီးနောက် အောက်တိုဘာ ၁၈ ရက်မှစ၍ အထွေထွေသပိတ်အဖြစ် ဆန္ဒပြခဲ့ကြပြီး ဘာစီလိုနာမြို့အတွင်း လူထောင်ပေါင်းများစွာစုဝေးခဲ့ကြောင်း သိရပါတယ်။ ကာတာလိုနီယာဒေသ ဆန္ဒပြပွဲများကြောင့် ဘာစီလိုနာနှင့် ရီးရဲလ်မက်ဒရစ်အသင်းတို့ ယှဉ်ပြိုင်ကစားမည့် လာလီဂါပွဲကိုလည်း ရွှေ့ဆိုင်းရမည်ဖြစ်တယ်လို့ သိရပါတယ်။.

Ref; inews


21 Oct 2019     1,337 Views




RELATED

Most Popular of Football

Most Popular of Sport