BEC-TERO TV

ထိုင်းလေကြောင်းလိုင်း မြန်မာအပါအဝင် အာဆီယံ ၄ နိုင်ငံသို့ ပျံသန်းမှု ရပ်ဆိုင်းမည်

21 Oct 2019     2,109 Views


ထိုင်းနိုင်ငံပိုင် လေကြောင်းလိုင်းဖြစ်သည့် Thai Airways International (THAI) က မြန်မာနိုင်ငံအပါအဝင် အာဆီယံနိုင်ငံ ၄ နိုင်ငံသို့ ပျံသန်းပြေးဆွဲနေသည့် ခရီးစဉ် ၆ ခုကို ရပ်ဆိုင်းတော့မည်ဖြစ်ကြောင်း သတင်းထုတ်ပြန်လိုက်သည်။

THAI လေကြောင်းလိုင်း ပျံသန်းမှုရပ်ဆိုင်းမည့် နိုင်ငံများမှာ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်နဲ့ မြန်မာနိုင်ငံ တို့ဖြစ်သည်။

“ဒီလေကြောင်းခရီးစဉ်တွေအကုန်လုံးက အခြားလေကြောင်းလိုင်း အသေးလေးတွေ ပြေးဆွဲပေးနေတာမို့ သူ့ဟာနဲ့သူ အဆင်ပြေနေပြီးသားပါ၊ အကယ်၍ ခရီးစဉ်တွေရပ်ဆိုင်းဖို့ သေချာသွားပြီဆိုရင်တော့ Thai Smile Airways ကို ဒီလမ်းကြောင်းတွေ ပျံသန်းဖို့ THAI လေကြောင်းလိုင်းက နေရာချပေးမှာပါ” ဟု THAI လေကြောင်းလိုင်း ဥက္ကဋ္ဌ Sumeth Damrongchaitham က ပြောကြားခဲ့ပါတယ်။

“လေကြောင်းလိုင်းတွေဟာ သူ့ထက်ငါ အရှေ့ရောက်လိုဇောနဲ့ လေယာဉ်လက်မှတ်စျေးတွေကို ပေါပေါလောလောချပြီး ပြိုင်ဆိုင်လာကြတယ်၊ THAI လေကြောင်းလိုင်းအနေနဲ့တော့ မူလသတ်မှတ်ထားတဲ့ နှုန်းထားတွေနဲ့ စျေးကွက်နည်းဗျူဟာတွေကို ပြင်ဆင်ညှိနှိုင်းသွားမှာပါ၊ ကျွန်တော်တို့အနေနဲ့ ဒီနှစ်အကုန် အရောင်းမြှင့်တင်ရေးတွေ ပြီးရင် ဒါတွေကိုရပ်ဖို့ ရည်ရွယ်ထားပါတယ်”

“ဘယ်လိုပဲဖြစ်ဖြစ် နောက်နှစ်ကိုတော့ ကြည့်ရဦးမှာပေါ့၊ ဒီနှစ်မှာ လျော့ချပေးထားတဲ့ ဈေးနှုန်းတွေက မှတ်တမ်းအရ အနည်းဆုံးစျေးနှုန်းတွေဖြစ်ပါတယ်၊ အကယ်၍ ဒီနည်းနဲ့ အလုပ်မဖြစ်ရင်တော့ အခြားပုံစံတစ်မျိုးနဲ့ သွားရမှာပါ၊ လက်မှတ်တွေရောင်းဖို့ ပါတနာတွေရှာတာမျိုး၊ အွန်လိုင်းချန်နယ်တွေ တိုးချဲ့တာမျိုး၊ မကြာခဏလေယာဉ်စီးနေတဲ့သူတွေကို အထူးအခွင့်အရေးပေးတာမျိုး စသည်ဖြင့်ပေါ့” လို့ ပြောကြားခဲ့ပါတယ်။


21 Oct 2019     2,109 Views




RELATED

Most Popular of International News

Most Popular of NEWS