BEC-TERO TV

ကလေးအချင်းချင်းသာ နားလည်နိုင်တဲ့ ပုံတစ်ပုံကြောင့် လူကြီးတွေကြား ဂယက်ရိုက်

22 Oct 2019     1,670 Views


ကလေးတစ်ယောက် ပုံဆွဲထားတဲ့ ဓါတ်ပုံက လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့ခဲ့ပြီး ဒီကိုပုံဆွဲတဲ့ ကလေးအတွက် အွန်လိုင်းသုံးသူတွေ အားလုံးက စိတ်ပူခဲ့ကြရပါတယ်။ ဒီပုံကို ကလေးရဲ့ အတန်းပိုင်ဆရာမက အွန်လိုင်းပေါ်မှာ တင်ခဲ့ပြီး ဘယ်လိုသဘောရလဲလို့ မေးမြန်းခဲ့တာဖြစ်ပါတယ်။

ဆွဲထားတဲ့ပုံအရ လူလေးဦး လည်ပင်းကနေကြိုးချည်ပြီး တန်းလန်းကြိုးဆွဲချနေတဲ့ ပုံသဏ္ဍန်လို့ ပြောနိုင်ပါတယ်။ ပုံဆွဲတဲ့ ကလေးမှာ သူအပါအဝင် မိသားစု လေးယောက်ရှိတာကြောင့် ဆရာမ ဒီပုံကို မြင်မြင်ခြင်းမှာ ထိတ်လန့်သွားခဲ့ပါတယ်။ ကလေးဟာ စိတ်ဖိစီးပြီး စိတ်ကျရောဂါခံစားနေရပြီလားလို့ စိုးရိမ်ပူပန်သွားခဲ့ပါတယ်။

နောက်ဆုံးမှာတော့ ဆရာမက ကလေးငယ်ကိုခေါ်ကာ ဒီပုံဘာကြောင့်ဆွဲရတာလဲဆိုတာကို မေးမြန်ကြည့်တဲ့အခါမှာတော့ ငိုအားထက် ရယ်အားသန်ခဲ့ရပါတယ်။

ကလေးငယ်က သူတို့မိသားစုဟာ ပြီးခဲ့တဲ့အပတ်က အပမ်းဖြေခရီးထွက်ရင်း ရေငုတ်တဲ့အစီစဉ်လေးပါ ဆော့ကစားခဲ့ကြပါတယ်။

သူ့ရဲ့ရှင်းပြချက်အရ ကြိုးနဲ့တူတဲ့ အရာဟာ အသက်ရှုဖို့ ထောင်ထားတဲ့ ပိုက်လုံးလေးတွေဖြစ်ပြီး သေချာကြည့်မယ်ဆိုရင် ရေပိုက်ထိပ်မှာ ပူစီဖောင်းလေးတွေ ပလုံစီနေတာကို တွေ့ရနိုင်ပါတယ်။ ကဲ.. တစ်ခါလောက်ပြန်ကြည့်ကြည့်ပါဦး။

ဒီပုံဟာ အွန်လိုင်းပေါ် ပျံ့နှံ့ခဲ့ပြီးနောက် အမျိုးသားတစ်ဦးက သူ့ရဲ့ ၇ နှစ်အရွယ် သားလေးကို ပြကြည့်ပြီး ဒီပုံက ဘာဆွဲထားတာလဲလို့ မေးကြည့်တဲ့အခါ လူတွေ ပါးစပ်မှာ အသက်ရှုပိုက်တပ်ပြီး ရေငုတ်နေတဲ့ ပုံဆွဲထားတာလို့ ပြန်ဖြေခဲ့ပါတယ်။

နောက်တစ်ဦးက သူ့ရဲ့ ၅ နှစ်သားလေးကို မေးကြည့်တဲ့အခါ လူတွေ ပင်လယ်ထဲမှာ ရေကူးနေတာလို့ပြန်ဖြေခဲ့ပါတယ်။

ကလေးတွေရဲ့ အဖြေတွေဟာ နီးနီးစပ်စပ်မှန်ကန်နေတာတွေ့ရပြီး ဒီပုံကို သူတို့အချင်းချင်း နားလည်သဘောပေါက်ကြပေမယ့် လူကြီးတွေအတွက်တော့ အတော်လေး စိုးရိမ်ထိန်လန့်ပြီး ဗျာများသွားခဲ့ကြရပါတယ်။

ဒါကြောင့်မို့ ကိုယ့်အိမ်က ကလေးငယ်တွေ အရုပ်ပုံလေးတွေ ဆွဲတဲ့အခါ တစ်ခုခုထူးဆန်းတာတွေ့ရင် ကိုယ့်စိတ်ကူးနဲ့ကိုယ် ကောက်ချက်ချကာ မဆူပူမိစေပဲ သူဆွဲထားတဲ့ ပုံရဲ့အဓိပ္ပါယ်ကို ပြန်ရှင်းပြခိုင်းပြီး ကလေးတွေရဲ့ အမြင်ကို နားလည်အောင် ကြိုးစားသင့်ပါတယ်။


22 Oct 2019     1,670 Views




RELATED

Most Popular of Special or Others

Most Popular of NEWS