BEC-TERO TV

ယာဉ်ပိုင်ရှင်များ သတိပြု: ဒီပစ္စည်းနဲ့ ကြိုက်တဲ့ကားကို သော့မလိုပဲဖွင့်နိုင်ပြီ(ရုပ်သံ)

22 Oct 2019     2,375 Views


၁၁၉ ဒေါ်လာ (ကျပ် ၂ သိန်းဝန်းကျင်) တန် အီလက်ထရောနစ် ပစ္စည်းတစ်ခုက ခလုပ်တစ်ချက်နှိပ်ရုံနဲ့ ကြိုက်တဲ့ ကားတွေကို မူရင်းသော့မရှိပါပဲနဲ့ အဝေးထိန်းစနစ် ရီမုတ်နဲ့ ဖွင့်နိုင် ပိတ်နိုင်ကြောင်း ပြသတဲ့ ဗီဒီယိုက WhatsApp ပေါ်မှာ ပျံ့နှံ့နေပါတယ်။ (စိုးရိမ်စရာပဲနော်)

ရုပ်သံအရ LCD display ပါဝင်တဲ့ ဒီပစ္စည်းရဲ့ အပေါ်ဘက်မှာ ခလုတ်လေး ၆ ခုပါရှိပါတယ်။ ဒီခလုပ်လေးတွေကို တစ်ခုခြင်း တစ်ဆင့်ပြီး တစ်ဆင့် နှိပ်ပြီးတဲ့နောက်မှာ အနီးမှာရှိတဲ့ ကားတစ်စီးရဲ့ တံခါးကို သော့ပွင့်အောင် လုပ်နိုင်ခဲ့ပါတယ်၊ တစ်ခါပြန်ပြီး ခြေရာလက်ရာမပျက် သော့ပြန်ပိတ်နိုင်တာကို တွေ့ခဲ့ရပါတယ်။

ဗီဒီယိုလေးကို ကိုယ်တိုင်ကြည့်ရှုပါဦး။

ဒီပစ္စည်းလေးရဲ့ ရည်ရွယ်ချက်က မတော်တဆ ကားထဲမှာ သော့ကျန်ခဲ့ပြီး Lock ချမိသူတွေအတွက် အဆင်ပြေအောင် တီထွင်ထားတယ်လို့ ဖော်ပြထားပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူခိုးတွေလက်ထဲမှာ ဒီပစ္စည်းမျိုးရှိနေခဲ့ရင် အန္တရာယ်ရှိပါတယ်။

ဒါကြောင့်မို့ ယာဉ်ပိုင်ရှင်တွေအနေနဲ့ တန်ဖိုးရှိတဲ့ ပစ္စည်းတွေ၊ မော်တော်ယာဉ်နဲ့ ပက်သက်တဲ့ စာရွက်စာတမ်းတွေကို ကားထဲမှာ မထားခဲ့ကြဖို့ သတိရှိစေချင်ပါတယ်။


22 Oct 2019     2,375 Views




RELATED

Most Popular of Special or Others

Most Popular of NEWS