BEC-TERO TV

စတိတ်စင်ပေါ်က ဘဝနဲ့ လက်တွေ့ဘဝ ကွာခြားလွန်းတဲ့အကြောင်း ပြောပြလာတဲ့ Joy

22 Oct 2019     1,700 Views


တောင်ကိုးရီးယားနာမည်ကျော် Kpop အဆိုတော်အဖွဲ့ Red Velvet မှ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Joy ဟာ ကမ္ဘာကျော် ကုန်အမှတ်တံဆိပ် UGG က ပြုလုပ်တဲ့ Campaign တစ်ခုမှာ ပါဝင်ခဲ့ပါတယ်။

UGG က ရိုက်ကူးတဲ့ အင်တာဗျူးမှာ Joy က ဖက်ရှင်နဲ့ ပတ်သတ်တဲ့ မေးခွန်းအချို့ကို ဖြေကြားပေးခဲ့ပါတယ်။

"ကျွန်မ လတ်တလော ရောက်ရှိနေတဲ့ နေရာက ကျွန်မရဲ့ ပုံစံအမှန်ကို ဖော်ပြလို့ရတဲ့နေရာရောက်နေပြီ၊ ဒါပေမဲ့ ကျွန်မ ကိုယ့်ရဲ့ ပုံစံအမှန်၊ ပင်ကိုယ် နေထိုင်မှုပုံစံကို ပြဖို့ကြိုးစားမိတိုင်း ဝေဖန်သံတွေ အမြဲတမ်းကြားနေရတယ်၊ 'အရမ်းလွန်တယ်' 'မင်းရဲ့ ချစ်ဖို့ကောင်းတဲ့ ပုံစံလေးကိုပဲ သဘောကျတယ်' အဲ့လို ရေးတာတွေကို ကြုံသေးတယ်။ သူတို့ဘာလို့ ကျွန်မရဲ့ idol ပုံစံ image ကိုပဲ လိုချင်နေကြတာလဲ?

အရင်ကတော့ ဒီလိုပြောခံရရင် မခံစားနိုင်ဘူး။ ဒါပေမဲ့ စတိစင်ပေါ်ကလူကလည်း ကျွန်မဖြစ်သလို စင်အောက်ဆင်းသွားပြီး ပုံမှန်သက်တောင့်သက်သာနေထိုင်တတ်တဲ့ ကောင်မလေးကလည်း ကျွန်မပဲလေ။ ဒါကြောင့် ကျွန်မကို မေးနေတဲ့ သူတွေကို ကျွန်မမေးခွန်းပြန်ထုတ်ချင်တယ်၊ 'idol တစ်ယောက်အနေနဲ့ အခုလို သက်တောင့်သက်သာ ဝတ်စားလို့ရရဲ့လား' သူတို့ လက်ခံပေးဖို့ မျှော်လင့်မိတယ် ဘာလို့လဲဆိုတော့ ဒါက ကျွန်မရဲ့ ပုံစံအမှန်မို့လို့ပဲ" ဆိုပြီးပြောပြသွားပါတယ်။

ref:koreaboo

(ပိုပိုလေး)  

 

 


22 Oct 2019     1,700 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS