BEC-TERO TV

တန်းမစီတတ်တဲ့ အကျင့်တွေ ပြင်ထား (ရုပ်သံ)

22 Oct 2019     1,811 Views


စားသောက်ဆိုင်မှာဖြစ်ဖြစ် စျေးဝယ်စင်တာ၊ စတိုးဆိုင်တွေ စတဲ့ တန်းစီပြီး ပိုက်ဆံရှင်း မှာယူဖို့လိုတဲ့ နေရာတွေမှာ တန်းမစီပဲ လူလည်လိုလို ပတ်ကားလိုလို လုပ်တတ်တဲ့သူတွေကို ဒီသတင်းရုပ်သံလေး ရှယ်ပေးလိုက်ပါ။ ချက်ခြင်း အချိုးပြင်သွားပါလိမ့်မယ်။

တရုတ်နိုင်ငံက ကော်ဖီဆိုင်တစ်ခုမှ ဖြစ်ပျက်ခဲ့တာဖြစ်ပါတယ်။ ဆိုင်ရဲ့ကောင်တာမှာ ဝန်ထမ်းထွက်မလာသေးလို့ အမျိုးသမီးငယ်တစ်ယောက်က ရပ်စောင့်နေချိန်၊ ဆိုင်ထဲမှာ ကော်ဖီသောက်နေတဲ့ နောက်ထပ် မိန်းကလေးတစ်ယောက်က ထလာပြီး ရှေ့မှာဆေစာင့်နေတဲ့ မိန်းကလေးကို ကျော်ကာ ကောင်တာမှာ အစားအသောက်မှာယူခဲ့ပါတယ်၊ သူရောက်သွားတဲ့အချိန်နဲ့ ဝန်ထမ်းအမျိုးသမီးထွက်လာချိန်နဲ့ တိုက်ဆိုင်သွားတာမို့ အရင်ရောက်တာထင်ပြီး ရောင်းပေးလိုက်ပါတယ်။

ဒီအချိန်မှာ အလှည့်ကျော်တက်ခံလိုက်ရတဲ့ မိန်းကလေးက ဘာမှမပြောသေးပဲကြည့်နေပါတယ်။ အားလုံးမှာပြီးသွားတော့မှ အလှည့်ကျော်တက်တဲ့ ကောင်မလေးကို စကားတစ်ခွန်းမှ မပြောပဲ ဘယ်လို တုံ့ပြန်ခဲ့လဲဆိုတာ ရုပ်သံမှာ ကြည့်ရှုပါ။

ဒီရုပ်သံ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့ခဲ့ပြီး ဝင်ရောက်ရေးသားသူ မျှဝေသူတွေနဲ့ ပြည့်နှက်နေခဲ့ပါတယ်။

ဘာပဲလုပ်လုပ် တန်စီတတ်တဲ့ အကျင့်လေးကို မွေးမြူထားပါ၊ ဒါဟာ နိုင်ငံကြီးသားတွေရဲ့ စိတ်ဓာတ်ဖြစ်သလို သူတစ်ပါးကိုလည်း လေးစားရာရောက်ပါတယ်။


22 Oct 2019     1,811 Views




RELATED

Most Popular of Special or Others

Most Popular of NEWS