BEC-TERO TV

စင်ကာပူနိုင်ငံမှာ မိုးပျံတက္ကစီ စတင်စမ်းသပ် ပျံသန်းမောင်းနှင်(ရုပ်သံ)

23 Oct 2019     1,481 Views


မိုးပျံကားတွေနဲ့ ပက်သက်ပြီး နိုင်ငံအတော်များများမှာ စမ်းသပ်တီထွင်မှုတွေ ပြုလုပ်နေကြပေမယ့် တစ်ကယ်လက်တွေမှာ ပျံသန်းပြေးဆွဲနိုင်ရေးအတွက် နည်းပညာအရရော ခွင့်ပြုချက်တွေအရပါ နှောင့်နှေးနေကြရပါတယ်။

ဒီအချိန်မှာပဲ စင်ကာပူနိုင်ငံက မိုးပိံတက္ကစီအကောင်အထည်ပေါ်လာရေးအတွက် လျှင်လျှင်မြန်မြန်ပဲ ခြေလှမ်းစလိုက်ပါတယ်။ မိုးပျံတက္ကစီ မြို့တွင်းမှာ စမ်းသပ်ပျံသန်းမောင်းနှင်မှုကို အောက်တိုဘာလ ၂၂ ရက်နေ့မှာ ပြုလုပ်ခဲ့ပါတယ်။

ဂျာမဏီနိုင်ငံ Volocopter ကုမ္ပဏီကထုတ်လုပ်ထားပြီး စင်ကာပူနိုင်ငံမှာ ကျင်းပပြုလုပ်နေတဲ့ ကမ္ဘာ့ပထမဦးဆုံး နည်းပညာနဲ့ပို့ဆောင်ဆက်သွယ်ရေးစနစ် ညီလာခံကြီးမှာ ပြသခဲ့တဲ့ မိုးပျံယာဉ်ဖြစ်ပါတယ်။

ကနဦးမှာတော့ ရာသီဥတု သိပ်မကောင်းတာကြောင့် စမ်းသပ်ပျံသန်းမှုကို ပယ်ဖျက်တော့မလိုဖြစ်ခဲ့ပါတယ်။ Volocopter ကုမ္ပဏီရဲ့ ကိုယ်စားလှယ်က သူတို့ရဲ့ယာဉ်တွေဟာ မိုးတွေရွာနေချိန်မှာတောင် ကောင်းကောင်းမွန်မွန် ပျံသန်းနိုင်တယ်လို့ ဆိုပါတယ်၊ ဒါပေမယ့် လက်ရှိမှာတော့ ရာသီဥတုမကောင်းတဲ့အချိန်မှာ ပျံသန်းခွင့် လိုင်စင်မရထားသေးပါဘူး။ ရာသီဥတုပြန်ကြည်လင်လာတာကြောင့် စမ်းသပ်ပျံသန်းမှုကို ဆက်လက်လုပ်ဆောင်ခဲ့ပါတယ်။

အဖြူရောင် မိုးပျံတက္ကစီဟာ နောက်မြီးမပါတဲ့ ဟယ်လီကော်ပတာတစ်စင်းနဲ့ ဆင်တူပါတယ်။ လူတွေက အစမှာတော့ ဒရုန်းတစ်စီး ပျံနေတယ်လို့ထင်ခဲ့ကြပါတယ်၊ သေချာကြည့်လိုက်တဲ့အခါ အထဲမှာ လူလိုက်ပါစီးနင်းနေတာကို တွေ့ကြရပါတယ်။

စမ်းသပ်ပျံသန်းမှုကို Marina Bay ပတ်ဝန်းကျင်မှာပဲ ၃ မိနစ်လောက် ပြုလုပ်ခဲ့ပြီး ဒေါင်လိုက်အနေအထား တက်နိုင် ဆင်းနိုင်တာကိုလည်း ပြသခဲ့ပါတယ်။ Volocopter ကုမ္ပဏီကို ပူးတွဲတည်ထောင်သူ Alexander Zosel က “မိုးပျံတက္ကစီတွေ ဆင်းသက်နိုင်ဖို့ စျေးဝယ်စင်တာတွေအပါအဝင် အတောက်အဦးတွေရဲ့ ခေါင်မိုးပေါ်မှာ နေရာသတ်မှတ်ပေးထားဖို့ လိုပါတယ်” လို့ ဆိုပါတယ်။ မိုးပျံတက္ကစီတွေ စီးနင်းခဟာ လက်ရှိတက္ကစီကားတွေရဲ့ နှုန်းထားအတိုင်းပဲဖြစ်မယ်လို့ သုံးသပ်ထားကြပါတယ်။


23 Oct 2019     1,481 Views




RELATED

Most Popular of International News

Most Popular of NEWS