BEC-TERO TV

ချန်ပီယံလိဂ်ပြိုင်ပွဲမှာ မှတ်တမ်းသစ်တွေ ရေးထိုးလိုက်တဲ့ ဘာပေ

23 Oct 2019     1,362 Views


ယနေ့မနက်က ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ချန်ပီယံလိဂ် အုပ်စုပွဲစဉ်မှာ ပီအက်ဂျီအသင်းဟာ ကလပ်ဘရုဂေးအသင်းကို ၅-၀ ဖြင့် အနိုင်ရရှိခဲ့ပြီးနောက်  ပီအက်စ်ဂျီအသင်းတိုက်စစ်မှူး ဘာပေဟာ  ဟက်ထရစ်ဂိုးသွင်းယူနိုင်ခဲ့ပြီး စံချိန်မှတ်တမ်းများ တင်နိုင်ခဲ့ပါတယ်။

ဘာပေဟာ အသက် (၂၀) နှစ် ၊ (၃၀၆) ရက်ဖြင့် ချန်ပီယံလိဂ်ပြိုင်ပွဲသမိုင်းတွင် အသက်အငယ်ဆုံးသွင်းဂိုး(၁၅) ဂိုးပြည့်သူအဖြစ် မက်စီကို ကျော်ဖြတ်ကာ မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ အရင်က မက်စီဟာ (၂၁ နှစ်၊ ၂၈၉ ရက်) ဖြင့် စံချိန်ချိုးဖျက်ကာ မှတ်တမ်းတင်ရှိခဲ့တာဖြစ်ပြီး ယခုအခါမှာ အဆိုပါ ပြင်သစ်တိုက်စစ်မှူးက ထပ်မံကျော်ဖြတ်ပြလိုက်တာ ဖြစ်ပါတယ်။

ဒါအပြင့် ဘာပေဟာ ဒုတိယပိုင်းတွင် လူစားဝင်ပါဝင်ကစားခဲ့ပြီး (၃၁)မိနစ်အတွင်း ဟက်ထရစ်သွင်း ယူနိုင်ခဲ့ခြင်းအတွက် ချန်ပီယံလိဂ်သမိုင်းတွင် လူစားဝင်ပြီး အမြန်ဆုံးဟက်ထရစ်သွင်းယူနိုင်ခဲ့သူအဖြစ် မှတ်တမ်းဝင်နိင်ခဲ့တာ​ ဖြစ်ပါတယ်။

ပီအက်စ်ဂျီအသင်းဟာ ချန်ပီယံလိဂ် အုပ်စု(A)ပွဲစဉ်မှာ သုံးပွဲကစား ရမှတ် (၉) မှတ်ဖြင့် အုပ်စုပထမ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။

ချန်ပီယံလိဂ်ပြိုင်ပွဲသမိုင်းတွင် အသက်အငယ်ဆုံးသွင်းဂိုး(၁၅) ဂိုးပြည်သူများ

Kylian Mbappé – 20 years & 306 days

Lionel Messi – 21 y & 288 d

Raul – 22 y & 163 d

 


23 Oct 2019     1,362 Views




RELATED

Most Popular of Football

Most Popular of Sport