BEC-TERO TV

Sulli ရေးဆွဲပေးခဲ့ဖူးတဲ့ ပန်းချီကားရှေ့မှာ လွမ်းဆွတ်တမ်းတဖွယ် မြင်တွေ့ရတဲ့ IU

23 Oct 2019     1,893 Views


အဆိုတော်၊ သရုပ်ဆောင် IU ဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၃ ရက်နေ့၊ အင်စတာဂရမ်မှာ ပို့စ်တစ်ခု တင်ခဲ့ပါတယ်။

အောက်တိုဘာ ၂၃ ရက်နေ့ဟာ IU ကိုယ်တိုင် ရေးဖွဲ့ သီဆိုထားတဲ့ သီချင်းအယ်လ်ဘမ် Chat-Shire ထွက်ရှိခဲ့တဲ့ လေးနှစ်ပြည့်တဲ့နေ့ပဲဖြစ်ပါတယ်။ Chat-Shire အယ်လ်ဘမ်ထဲက 'Red Queen' သီချင်းကို ရေးစပ်ဖို့ Sulli ဆွဲပေးတဲ့ ပန်းချီပုံလေးကနေ တစ်ဆင့် အိုင်ဒီယာ ရရှိခဲ့တယ်လို့ IU ပြောပြဖူးပါတယ်။

IU က Sulli ရေးဆွဲပေးထားတဲ့ ပန်းချီကားကို ကြိုက်နှစ်သက်တာကြောင့် Sulli ကိုယ်တိုင် လက်မှတ်ရေးထိုးပြီး IU ကို လက်ဆောင်ပေးခဲ့ပါတယ်။ IU ဟာ အဆိုပါ ပန်းချီကားနဲ့အတူ ဓာတ်ပုံရိုက်ကူးပြီး "လေးနှစ်ပြည့်တာ ဂုဏ်ယူပါတယ် အဖိုးတန်လွန်းတဲ့ Chat-Shire" ဆိုတဲ့ စာသားနဲ့အတူ အင်စတာဂရမ်မှာ ပို့စ်တင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းတွေတုန်းက Sulli သေဆုံးတာနဲ့ ပတ်သတ်ပြီး IU အင်စတာဂရမ်မှာ ဘာမှ မတင်တာကြောင့် ဝေဖန်ပြောဆိုတာတွေကို ခံခဲ့ရပါတယ်။ IU ဟာ Sulli သေဆုံးတဲ့ သတင်းကိုကြားပြီးပြီးချင်း နာရေး ကူညီဖို့ အရင်ဆုံး ရောက်လာခဲ့ပြီး Sulli မိဘတွေနဲ့အတူ ရှိနေပေးခဲ့ပါတယ်။

သူငယ်ချင်းတစ်ယောက်အနေနဲ့ သူလည်း ယူကျုံးမရဖြစ်နေမှာ အမှန်ပါပဲ။

ref:alkkpop

(ပိုပိုလေး)


23 Oct 2019     1,893 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS