BEC-TERO TV

လူမရှိတဲ့ ဂိုးပေါက်ကို ဂိုးဝင်အောင် မကန်သွင်းနိုင်ခဲ့တဲ့ ဟာဇက်

23 Oct 2019     2,010 Views


ရီးရဲလ်မက်ဒရစ်အသင်းဟာ အဝေးကွင်းမှာ ဂါလာတာစာရေးအသင်းကို ၁-၀ ဖြင့်အနိုင်ရတဲ့ပွဲမှာ ရီးရဲလ်မက်ဒရစ် ကစားသမား အီဒင် ဟာဇက်ဟာ မဖြစ်သင့်တဲ့ အလွဲကြီးလွဲခဲ့တာကြောင့် ပရိတ်သတ်တွေကြားမှာ ဝေဖန်သံတွေ ကြားခဲ့ရပါတယ်။

ဟာဇက်ဟာ ဒုတိယပိုင်းမှာ အပိုင်သွင်းဂိုးဖြစ်စေမယ့်ဂိုးကို လွဲချော်ခဲ့ပါတယ်။ ဟာဇက်ဟာ  ဂါလာတာစာရေး ဂိုးသမား ဖာနန်ဒို မူဆာရာနဲ့ တစ်ယောက်ချင်းအတွေ့မှာ ကျော်ဖြတ်နိုင်ခဲ့ပြီး လူမရှိတဲ့ ဂိုးပေါက်ကို ကန်သွင်းရာမှာတော့ ဂိုးဘာတန်းကိုထိခဲ့ပြီး ဘောလုံးဟာ ပြန်ထွက်လာခဲ့ပါတယ်။

အခုလို လွဲချော်မှုကြောင့် ရီးရဲလ်မက်ဒရစ် ဖန်တွေဟာ ဆိုရှယ်မီဒီယာမှာ ဟာဇက်ဟာ ရီးရဲလ်အတွက် တစ်ကယ်မှန်ကန်တဲ့ ခေါ်ယူမှု ဖြစ်ရဲ့လားဆိုတာကို မေးခွန်းထုတ်ထုတ်ခဲ့ကြပါတယ်။ ဟာဇက်ဟာ စပိန်မြေကိုရောက်ရှိလာပြီး (၇) ပွဲကစားထားပြီးချိန်မှာ သွင်းဂိုး (၁) ဂိုး ၊ ဂိုးဖန်တီးမှု (၂) ကြိမ်သာ ပြုလုပ်ထားနိုင်သေးတာ ဖြစ်ပါတယ်။

ဒါပေမယ့် ဟာဇက်ဟာ ရီးရဲလ်မက်ဒရစ်အသင်းမှာ သူ့အတွက် ချန်ပီယံလိဂ် ပထမဆုံးသွင်းဂိုး ဖြစ်စေမယ့် ဂိုးကို လွဲချော်ခဲ့ပေမယ့် အသင်းအနိုင် (၃) မှတ်ဖြစ်စေမယ့် တိုနီ ခရူးသွင်းဂိုးကိုတော့ ဖန်တီးပေးနိုင်ခဲ့ပါတယ်။

ချန်ပီယံလိဂ်အုပ်စု (A) ပွဲစဉ်မှာ ရီးရဲလ်မက်ဒရစ်အသင်းဟာ ရမှတ် (၄) မှတ်နဲ့ ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။


23 Oct 2019     2,010 Views




RELATED

Most Popular of Football

Most Popular of Sport