BEC-TERO TV

၂၀၁၉ Ballon d'Or ဆုရရှိရန် လီဗာပူးလ် နောက်ခံလူ ဗန်ဒိုက် ရေပန်းစားနေ

23 Oct 2019     1,295 Views


၂၀၁၉ Ballon d'Or ဆုပေးပွဲအခမ်းအနားကို လာမည့် ဒီဇင်ဘာ ၂ ရက်နေ့ ပြင်သစ် နိုင်ငံ၊ ပါရီမြို့ရှိ Theatre du Chatelet တွင် ပြုလုပ်သွားမှာဖြစ်ပြီး လီဗာပူးလ်နောက်ခံလူ ဗန်ဒိုက်က ဆုရရှိရန် ရေပန်းအစား ဆုံးဖြစ်နေပါတယ်။

ဗန်ဒိုက်ဟာ ဆုရရှိဖို့အတွက် ၄/၆ နဲ့ထိပ်ဆုံးမှာ ရေပန်းစားနေပြီး သူနောက်မှာတော့ မက်စီက ၆ /၅ နဲ့ ရေပန်းစားနေပါတယ်။ ထို့နောက်မှာတော့ စီရော်နယ်ဒိုက ၁၂ / ၁ နဲ့ ရေပန်းစားနေကြပါတယ်။

ဒီ Ballon d’or ဆုကို နိုင်ငံပေါင်း ၁၈၀ မှ အားကစားဂျာနယ်လစ်များ နိုင်ငံအသင်းခေါင်းဆောင်များ နှင့် နည်းပြများက မဲပေးရွေးချယ်ကြတာ ဖြစ်ပါတယ်။ အောက်တိုဘာလ ၂၁ ရက်နေ့က ထုတ်ပြန်ခဲ့သည် ဆန်ခါတင် ၃၀ စာရင်းတွင် ပီအက်စ်ဂျီ တိုက်စစ်မှူး နေမာနဲ့ ၂၀၁၈ ခုနှစ်က Ballon d'Or ဆုရှင် မိုဒရစ်တို့ ပါဝင်လာခဲ့ခြင်းမရှိပါဘူး။

ဗန်ဒိုက်တာ ပြီးခဲ့တဲ့ နှစ်က လီဗာပူးလ်အသင်းကို ချန်ပီယံလိဂ်ဖလားရအောင် စွမ်းဆောင်နိုင်ခဲ့ပြီး နယ်သာလန်အသင်းကိုလည်း UEFA နေရှင်းလိဂ် ပြိုင်ပွဲမှာ ဆီးမီးဖိုင်နယ်အထိ ရောက်အောင် စွမ်းဆောင်နိုင်ပေးခဲ့ပါတယ်။

အဆိုပါ ဆန်ခါတင် (၃၀) စာရင်းတွင် လီဗာပူးလ်အသင်းမှ ကစားသမား ခုနစ်ဦးဖြင့် အများဆုံးပါဝင်ခဲ့ပြီး UEFA အကောင်းဆုံးဆုရှင် ဗန်ဒိုက်က ထို့ဆုကို ရရှိဖို့ ရေးပန်စားနေတာ​ဖြစ်ပါတယ်။ အကယ်လို့သာ ဗန်ဒိုက်သာ ရရှိခဲ့ပါက ၂၀၀၆ Ballon d'Or ဆုရှင် ကင်နာဗာရိုနောက်ပိုင်း ရရှိမယ့် နောက်ခံကစားသမားဖြစ်ပါတယ်။

အဆိုပါ Ballon d'Or ဆုကို ၂၀၀၈ ခုနှစ်က ပရီးမီးယားလိဂ်တွင် စီရော်နယ်ဒိုက မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ နောက်ဆုံးရယူခဲ့တာဖြစ်ပါတယ်။

 


23 Oct 2019     1,295 Views




RELATED

Most Popular of Football

Most Popular of Sport