BEC-TERO TV

အာဆီယံ ၄ နိုင်ငံသို့ ပျံသန်းမှုရပ်ဆိုင်းမည် ဆိုသည်မှာ မဟုတ်ကြောင်း Thai Airways ငြင်းဆို

24 Oct 2019     1,833 Views


မြန်မာနိုင်ငံအပါအဝင် အာဆီယံ ၄ နိုင်ငံဖြစ်သည့် လာအို၊ ကမ္ဘောဒီးယား နဲ့ ဗီယက်နမ်နိုင်ငံတို့ကို ပျံသန်းပြေးဆွဲနေသော လေကြောင်းခရီးစဉ်များကို ရပ်ဆိုင်မည်ဆိုသော သတင်းကို THAI Airways International လေကြောင်းလိုင်းက ပယ်ချလိုက်ပါတယ်။

အောက်တိုဘာလ ၂၂ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်မှာ လေကြောင်းလိုင်းရဲ့ ဥက္ကဋ္ဌဖြစ်သူက သူတို့အနေနဲ့ လေကြောင်းခရီးစဉ်တွေကို ပျံသန်းပြေးဆွဲနေမှာဖြစ်ပြီး ၄ နိုင်ငံခရီးစဉ်ဖျက်သိမ်းတဲ့ သတင်းဟာ မှန်ကန်မှုမရှိဖူးလို့ ပြောကြားလိုက်ပါတယ်။

ကုမ္ပဏီအနေနဲ့ ပူးပေါင်းဆောင်ရွက်ရမယ့် နည်းဗျူဟာတွေကို ပြင်ဆင်နေပြီး လက်ရှိပြေးဆွဲနေတဲ့ လေကြောင်းခရီးစဉ်တွေရဲ့ စျေးကွက်အခြေအနေတွေကိုလည်း သုံးသပ်လေ့လာနေတယ်လိုဆိုပါတယ်။ လက်တလောမှာတော့ လေကြောင်းလိုင်းအနေနဲ့ ပြေးဆွဲနေတဲ့ ခရီးစဉ်တွေအတွက် အပြောင်းအလဲမရှိဘူးလို့ ပြောကြားခဲ့ပါတယ်။

အဲဒီနေ့မှာပင် Thai Airways ရဲ့ရုံးချုပ်မှာ ဥက္ကဋ္ဌရဲ့ ပြောကြားချက်အရ အမျိုးသားလေကြောင်းလိုင်း အနေနဲ့ ငွေရေးကြေးရေး အခက်ကြုံနေရတယ်လို့ ဆိုပါတယ် အကယ်၍ ဝန်ထမ်းတွေအားလုံး အလုပ်ကို အခုထက်ပိုပြီး ညီညီညွတ်ညွတ်နဲ့ ကြိုးကြိုးစားစား မလုပ်ဖူးဆိုရင် ပိတ်သိမ်းလိုက်ရတဲ့ အခြေနေမျိုး ရောက်သွားနိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။


24 Oct 2019     1,833 Views




RELATED

Most Popular of International News

Most Popular of NEWS