BEC-TERO TV

ယောက်ျားလေးမွေးပါစေလို့ အသည်းအသန် ဆုတောင်းနေတဲ့ ကင်ဂျွန်-အန်

24 Oct 2019     1,742 Views


မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျွန်-အန် ရဲ့ ဇနီးဖြစ်သူ ‘ရီဆိုလ်-ဂျူး’ လူရှေ့သူရှေ့ သိပ်မထွက်တော့ပဲ အများမြင်ကွင်းက ပျောက်ကွယ်နေခြင်းမှာ နောက်ထပ်ကိုယ်ဝန်ရှိနေလို့ ဖြစ်တယ်လို့ ကောလဟာလသတင်းတွေ ပျံ့နှံ့ပေါ်ထွက်နေပါတယ်။

ကင်ဂျွန်-အန် မှာ ကလေး ၃ ယောက်ရှိနှင့်ပြီး အဲဒီကလေးတွေထဲက တစ်ယောက်ဟာ မိန်းကလေးဖြစ်ကြောင်း NBA ဘတ်စကတ်ဘော အကျော်အမော်ဟောင်းနဲ့ သူငယ်ချင်းဖြစ်သူ Dennis Rodman တို့က ဖွင့်ချပြောဆိုခဲ့ဖူးတာရှိပါတယ်။

အခုလေးယောက်မြောက် ကလေးဟာ မွေးဖွားခါနီးဖြစ်လို့ ကင်ဂျွန်-အန် ရဲ့ ဇနီးသည် ရီဆိုလ်-ဂျူး ဟာ လူအများရဲ့မြင်ကွင်းကနေ ပျောက်ကွယ်နေတာဖြစ်ကြောင်း အခိုင်အမာပြောဆိုမှုတွေ ရှိပါတယ်။ နောက်ထပ်သတင်းတစ်ခုကတော့ အကယ်၍ ဒီတစ်ခါမွေးလာမယ့် ကလေးဟာ ယောက်ျားလေးဖြစ်မယ်ဆိုရင်တော့ ကင်ဂျွန်-အန် တို့လင်မယားအတွက် ပထမဦးဆုံး အနာဂါတ်မှာ တိုင်းပြည်ခေါင်းဆောင်အဖြစ် အမွေဆက်ခံသူတစ်ယောက် ဖြစ်လာမယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံ ရန်ကုန်မြို့မှာ ခြေကုတ်ယူပြီး မြောက်ကိုရီးယားအကြောင်းလေ့လာကျွမ်းကျင်သူ Markus Bell က The Sun သတင်းဌါနကို ပြောကြားခဲ့တာကတော့ “အခုလျှို့ဝှက်သတင်းပုံစံမျိုး ပျံ့နှံ့နေတဲ့၊ ‘ရီ’  ကိုယ်ဝန်ဆောင်ထားတယ်ဆိုတဲ့ သတင်းက ဘာမှအံ့အားသင့်စရာမရှိပါဘူး။ အခုလို မှင်သေသေနဲ့ လုံးဝတိတ်ဆိတ်နေတဲ့ အခြေအနေက မြောက်ကိုရီးယားရဲ့ မူလပုံစံပါပဲ

သေချာတာတစ်ခုကတော့ သူတို့လင်မယားနှစ်ယောက်စလုံး ဒီတစ်ခါ ယောက်ျားလေးမွေးလာပါစေလို့ အသည်းအသန် ဆုတောင်းနေကြမှာပါပဲ” လို့ ပြောဆိုခဲ့ပါတယ်။

မြောက်ကိုရီးယားဟာ ခေါင်းဆောင်ပိုင်းရဲ့ မိသားစုဝင်တွေက ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာ လျှို့ဝှက်တဲ့နေရာမှာ အင်မတန် မကောင်းသတင်းနဲ့ ကျော်ကြားတဲ့ နိုင်ငံဖြစ်ပါတယ်။ လက်ရှိခေါင်းဆောင် ကင်ဂျွန်-အန် ဟာလည်း ၂၀၁၀ ခုနှစ် သူ့အသက် ၂၇ နှစ်ရှိမယ်လို့ ခန့်မှန်းရတဲ့အချိန်ထိ လူလုံးထွက်ပြခဲ့ခြင်းမရှိပါဘူး။ ဒီလိုပါပဲ သူ့ရဲ့မင်္ဂလာပွဲကိုလည်း လူသိရှင်ကြား မကျင်းပခဲ့ပါဘူး။

၂၀၁၂ ဝန်းကျင်လောက်က မင်္ဂလာဆောင်တာဖြစ်မယ်လို့ပဲ ခန့်မှန်းမိပါတယ်။ ၂၀၁၂ ခုနှစ်မှာ ကိုရီးယားရိုးရားဝတ်စုံနဲ့ ‘ရီဆိုလ်-ဂျူး’ ကို ရုပ်မြင်သံကြားမှာ စတွေ့ရချိန်မှာ သူမဟာ ကိုယ်ဝန်ကြီးနဲ့ ဖြစ်နေပြီလို့ ကောလဟာလသတင်း ထွက်ပေါ်ခဲ့ပါသေးတယ်။ စုံးစမ်းထောက်လှမ်းရေး အစီရင်ခံစာ တစ်ခုမှာတော့ ၂၁၀၂ ခုနှစ်မှာ အားလုံးတွေ့လိုက်ရတဲ့ ကိုယ်ဝန်ဟာ ဒုတိယကိုယ်ဝန်ဖြစ်ပြီး သူတို့မှာ အဲဒီမတိုင်မီ ကလေးတစ်ယောက် ရှိထားနှင့်ပြီလို့ ဖော်ပြထားပါတယ်။


24 Oct 2019     1,742 Views




RELATED

Most Popular of International News

Most Popular of NEWS