BEC-TERO TV

လူတိုင်း ကြွေဆင်းသွားရစေမယ့် ဆရာဝန်မလေးတစ်ယောက် လာပြန်ပြီ

24 Oct 2019     2,321 Views


တရုတ်နိုင်ငံက ဆရာဝန်မလေး ‘ယွမ်ဟီရောင်း’ ဟာ လက်တလော လူမှုကွန်ယက် အင်စတာဂရမ်ပေါ်မှာ ရေးပန်းအစားဆုံး ခန္ဓာကိုယ်အလှပိုင်ရှင်လေးအဖြစ် ကျော်ကြားနေပါတယ်။ မကြာသေးမီရက်ပိုင်းကမှ သူတင်ပေးလိုက်တဲ့ ဗီဒီယိုဟာ သူမရဲ့အလှအပကို ထင်ရှားပေါ်လွင်စေခဲ့တာမို့ ဝင်ရောက်ကြည့်ရှုသူတွေများပြားခဲ့ပါတယ်။

‘ယွမ်ဟီရောင်း’ ဟာ ဆရာမလေးဖြစ်ရုံသာမက ကာယအလှမယ်တစ်ယောက်လည်းဖြစ်ပါတယ်။ မိန်းကလေးအချင်းချင်းကတောင် သူကို့တွေလိုက်တာနဲ့ ကြွေဆင်းသွားမယ်လို့ မှတ်ချက်ပေးခံထားရသူပါ။

သူ့ရဲ့ခန္ဓာကိုယ်အလှကို တွေ့လိုက်တဲ့လူတိုင်းက ငယ်ငယ်တုန်းက ကစားခဲ့ကြဖူးတဲ့ Street Fighter Game ထဲက ‘ချွန်းလီ’ကို အမှတ်ရသွားစေပါတယ်။ မင်္ဂလာဆောင် ဝတ်စုံကိုစမ်းဝတ်ကြည့်တာပါလို့ စာတန်းထိုးထားတဲ့ သူ့ရဲ့ဗီဒီယိုက အရမ်းကို ပျံ့နှံ့ခဲ့ပါတယ်။ သူမဟာ ဆရာဝန်ဖြစ်သလို အချိန်ပိုင်းမော်ဒယ်အနေနဲ့လည်း လုပ်ကိုင်နေပေမယ့် အားကစားလေ့ကျင့်ခန်းနည်းပြတော့ မဟုတ်ပါဘူးလို့ ရေးသားထာပါတယ်။

ဒီရုပ်သံကို ကြည့်မိလို့ ကြွေသွားပြီဆိုရင်တော့ စိတ်မကောင်းပါဘူးလို့ ပြောပါရစေ။ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၀ ရက်နေ့မှာပဲ လက်ထပ်ခဲ့ပြီးပါပြီ၊ သူမရဲ့ ခင်ပွန်းကလည်း ဆရာဝန်တစ်ယောက်ပါလို့ လာမေးတဲ့သူတွေကို ဖြေကြားခဲ့ပါတယ်။


24 Oct 2019     2,321 Views




RELATED

Most Popular of Special or Others

Most Popular of NEWS