BEC-TERO TV

မျက်နှာနဲ့ထိတာ ပင်နယ်တီပေးလိုက်ရလို့ ပေါက်ကွဲနေတဲ့ စမောလင်း

25 Oct 2019     1,393 Views


မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တ​ဲ့ ယူရိုပါလိဂ်အုပ်စုပွဲစဉ်မှာ ရိုးမားအသင်းနဲ့ မိုချန်ဂလာဘတ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ပြီး နှစ်ဖက်အသင်း ၁-၁ ဖြင့် သရေရလဒ်ထွက်ပေါ်ခဲ့ပါတယ်။ ထို့ပွဲမှာ ရိုးမားအသင်းက ပွဲချိန် ၃၂ မိနစ်ကတည်းက ဦးဆောင်ဂိုးရရှိခဲ့ပြီး နောက်ဆုံးမိနစ် ၉၀ အချိန်ပိုမှာ ပင်နယ်တီ ပေးခဲ့ရတာကြောင့် ရိုးမားအသင်းနောက်ခံလူ စမောလင်းက ဒေါသထွက်ပေါက်ကွဲခဲ့ပါတယ်။

ရိုးမားအသင်းဟာ ပွဲချိန်တစ်လျှောက်လုံးကို ၁-၀ ဖြင့်ထိန်းထားနိုင်ခဲ့ပေမယ့် ပွဲချိန်နောက်ဆုံး အချိန်ပိုမိနစ်မှာ ရိုးမားအသင်းနောက်ခံလူ စမောလင်းက လက်နဲ့ထိမိခဲ့တယ်ဆိုပြီး ကွင်းလယ်ဒိုင်က မိုချန် ကလာဘတ်အသင်းကို ပင်နယ်တီပေးခဲ့ပါတယ်။

အဆိုပါ ပင်နယ် တီ ပေးလိုက်ရမှုကို စမောလင်း က လက်နဲ့ထိခဲ့တာမဟုတ်ဘဲ သူ့ရဲ့ မျက်နှာကို ထိမှန်ခဲ့တာကြောင့် ဒေါသထွက်ပေါက်ကွဲခဲ့ပါတယ်။ Play-Back ပြန်လည် ကြည့်ရူမှုတွေအရ ဘောလုံးဟာ မျက်နှာကို သေချာ ထိမှန် ခဲ့သော်လည်း ကွင်းလယ်ဒိုင်က လက်ထိဘော အဖြစ် ဆုံးဖြတ်ကာ ‌ပင်နယ်တီ ပေးလိုက်တာ ဖြစ်ပါတယ်။

အဆိုပါ အကြောင်းအရာကို ပေါက်ကွဲခဲ့တဲ့ မန်ယူကစားသမားဟောင်း စမောလင်းက လူမှုကွန်ယက် စာမျက်နှာကနေ ‘ ကျွန်တော် အသင်းဟာ မတရားခံခဲရတာဖြစ်ပြီး ဒိုင်ရဲ့ဆုံးဖြတ်ချက်ဟာ လက်ခံနိုင်စရာ တစ်ခုမှမရှိပါဘူး။ ကျွန်တော်တို့ အသင်း အနိုင်သုံးမှတ်နဲ့ ထိုက်တန်ခဲ့ပေမယ့် အခုလို့ ရလဒ်ကြောင့် စိတ်ပျက်စေခဲ့ပါတယ်  ’ လို့​ပြောကြားခဲ့ပါတယ်။


25 Oct 2019     1,393 Views




RELATED

Most Popular of Football

Most Popular of Sport