ရဲဝန်ထမ်းအဖြစ် နိုင်ငံ့တာဝန်ထမ်းဆောင်ပေးကြမယ့် အနုပညာရှင်(၃)ဦး
25 Oct 2019 1,792 Views

တောင်ကိုးရီးယား ရဲ ဌာနချုပ်မှ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၃ ရက်နေ့မှာ ကြေညာချက်တစ်ခုထုတ်ပြန်လာပါတယ်။ အဆိုပါ ကြေညာချက်ကတော့ နာမည်ကြီးအနုပညာရှင်တွေဖြစ်ကြတဲ့ IU, Ma Dong Seok နဲ့ Chun Jung Myung တို့က ရဲဝန်ထမ်းတွေအဖြစ် နိုင်ငံ့တာဝန်ကို ထမ်းဆောင် သွားမယ်ဆိုတဲ့ သတင်းပဲဖြစ်ပါတယ်။
.jpg)
ဒီအနုပညာရှင် သုံးဦးဟာ ရဲဝန်ထမ်းအဖြစ် မတူညီတဲ့ တာဝန် တစ်ယောက်တစ်မျိုးစီ ထမ်းရွက်ရမယ်လို့သိရပါတယ်။

.jpg)
Ma Dong Seok နဲ့ Chun Jung Myung တိုက ရဲဝန်ထမ်းအဖြစ် အမှုထမ်းခဲ့ဖူးတာမျိုး မှတ်တမ်းတွေမှာ သိပ်မတွေ့ရဘူးပေမယ့် IU ကတော့ ပြီးခဲ့တဲ့ ၂၀၁၃ ကတည်းက ရဲဝန်ထမ်း စဖြစ်ခဲ့ပြီး ၂၀၁၆ အောက်တိုဘာမှာတော့ စီနီယာရဲအရာရှိတစ်ဦးဖြစ်ခဲ့ပါတယ်။
.jpg)
IU ဟာ သီချင်းဆိုတော်ပြီး သရုပ်ဆောင် ကောင်းရုံသာမက ရဲဝန်ထမ်းတစ်ယောက်အနေနဲ့ နိုင်ငံ့တာဝန်ကို ကျေပွန်အောင် ဆောင်ရွက်နိုင်ခဲ့ပါတယ်။
ref:koreaboo
(ပိုပိုလေး)







