BEC-TERO TV

မန်ယူအသင်းက အိုးဇေးလ်ကို ရေတိုအနေဖြင့် ခေါ်ယူဖို့ ပေါလ်စခိုးအကြံပြု

25 Oct 2019     1,396 Views


မနေ့ညက မန်ယူအသင်းဟာ ယူရိုပါလိဂ် အုပ်စုပွဲစဉ်မှာ ပါတီဇန် အသင်းကို ၀-၁ ဂိုးနဲ့ အနိုင်ယူပြီး နောက်ဆုံး အဝေးကွင်း ၁၁ ပွဲဆက်နိုင်ပွဲပျောက်ဆုံးမှုကို ရပ်တန့်နိုင်ခဲ့ပါတယ်။အသင်းအတွက် အနိုင်ဂိုးကိုတော့ မာရှယ်က ပင်နယ်တီကနေ သွင်းယူခဲ့တာ ဖြစ်ပါတယ်။

မန်ယူအသင်းဟာ ဒီရာသီမှာ ရလဒ်ဆိုးတွေ ကြုံတွေ့နေပြီး လူကာကူ ၊ ဆန်းချက်တို့ကို ဆုံးရှုံးထားရတာကြောင့် တိုက်စစ်အင်အားမှာ အတော်လေး လျှော့နည်းနေတာကို တွေ့ရပါတယ်။

 

အသင်းအဓိက ကွင်းလယ်လူ ပေါ့ဘာဒဏ်ရာပြသာနာရှိနေတာကြောင့် ဂိုးရရှိဖို့အတော်လေး ဂိုးဖန်တီးမှုအတော်လေး အားနည်းနေတဲ့ မန်ယူတိုက်စစ်ကို ဖြည်ဆည်းပေးနိုင်မယ့် ကစားသမားကို အသင်းကွင်းလယ်ကစားသမားဟောင် ပေါလ်စခိုးက အကြုံပြုခဲ့ပါတယ်။

ပေါလ်စခိုးက တိုက်စစ်နဲ့ အသင်းကို ချိတ်ဆက်ပေးနိုင်မယ့်ကစား အာဆယ်နယ်အသင်းမှာ နေရာမရဖြစ်နေတဲ့ အိုဇေးလ်ကို မန်ယူအသင်းအနေဖြင့် ခေါ်ယူပြီး ဖြေရှင်းသင့်ကြောင့်း ပြောကြားခဲ့ပါတယ်။

BT Sport နဲ့ အင်တာဗျူးမှာ ပေါလ်စခိုးက – ” အိုဇေးလ် ရဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး ကျွန်တော်ကတော့ နားမလည်နိုင်ဖြစ်နေပါတယ်။ သူဟာ အသင်းရဲ့ ကစားသမား တွေ နဲ့ကစားကွက် ကို အတူတကွဖြစ်အောင် ချိတ်ဆက်ပေးနိုင်တဲ့ ကစားသမားမျိုးပါ။

သူဟာ ဖန်တီးမှုစွမ်းရည်မှာ အလွန်ထူးချွန်တဲ့ အရည်အသွေးမြင့် ကစားသမားတစ်ဦးဖြစ်တယ်လို့ ယူဆပါတယ်။ မန်ယူအသင်းဟာ သူတို့အသင်းမှာ ဖြစ်နေတဲ့ ပြသာနာကို ဖြေရှင်းနိုင်ဖို့အတွက် အိုဇေးလ်ကို ရေတိုအနေနဲ့ ခေါ်ယူသင့်ပါတယ်။

ပါတီဇန်နဲ့ပွဲမှာဆိုရင်လည်း  အလွန်ညံဖျင်းတဲ့ ဖြတ်တင်ဘောတွေကို တွေ့မြင်ရပါတယ်။ အသင်းကွင်းလယ်လူတွေနဲ့ တိုက်စစ်သမားတွေ ချိတ်ဆက်မှုမရှိသလောက်ပါ။ ဒါကြောင့်  one-two ချိတ်ဆက်တဲ့အပိုင်းနဲ့ ၊တိကျတဲ့ ဖြတ်တင်ဘော ပုံပိုးပေးနိုင်မယ့် ကစားသမားတစ်ယောက်က လိုကိုလိုအပ်နေပါတယ်” လို့ အကြံပြုပြောကြားခဲ့ပါတယ်။

မန်ယူအသင်းဟာ ဒီအပါတ်မှာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် နော့ဝှေစ်အသင်းကို အဝေးကွင်းမှာသွားရောက် ကစားရမှာ ဖြစ်ပါတယ်။

 


25 Oct 2019     1,396 Views




RELATED

Most Popular of Football

Most Popular of Sport