BEC-TERO TV

လင်ဂတ်ရဲ့ ကိုယ်ပိုင်ဘရန်းဖြစ်တဲ့ 'JLingz' ဟာ ပထမဆုံးနှစ်မှာတင် ပေါင် ၂သိန်းကျော်အရှုံးပေါ်

29 Oct 2019     1,344 Views


မန်ချက်စတာ ယူနိုက်တက်အသင်း ကွင်းလယ်လူ ဂျက်စီလင်ဂတ်ဟာ ကိုယ်ပိုင် ဘရန်းဖြစ်တဲ့'JLingz' ဘရန်းနာမည်နဲ့ ထုတ်လုပ်ရောင်းချနေတာဖြစ်ပြီး ပထမနှစ်မှာတင် ပေါင် ၂သိန်းကျော်အထိ အရှုံးပေါ်ခဲ့ပါတယ်။

'JLingz' ကုမ္မဏီကို ၂၀၁၈ ၊ ဇန်နဝါရီလက တည်ထောင်ခဲ့တာဖြစ်ပါတယ်။'JLingz' ဘရန်းမှာ ဦးထုပ် ၊ အဝတ်အစား ၊ ဆွယ်တာ ၊ အိပ် ၊တီရှပ် ၊ ကလေးဝတ် ၊ လူကြီးဝတ်  Accessories အကုန်ပါဝင်တာ ဖြစ်ပါတယ်။ ထို့ ဘရန်းတွေကို ပြီးခဲ့တဲ့နှစ်  နွေရာသီမှာ စတင်ရောင်းချတာဖြစ်ပြီး ပြီးခဲ့တဲ့ တစ်နှစ်တာ အတွင်းမှာတော့ ပေါင် (၂၁၁၆၈၈) အရှုံးပေါ်ခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ် နည်းပြမော်ရင်ဟို လက်ထက်က မန်ယူအသင်းက လီဗာပူးလ်ကို ၃-၁ ရှုံးနိမ့်ခဲ့တဲ့ မတိုင်မီမှာ မန်ယူအသင်း ခေါင်းဆောင်ဟောင်း ရွိုင်းကိန်း က လင်ဂတ်ကို ကွင်းအတွင်းမှာ  ခြေစွမ်းပြကစားဖို့ထက် ကွင်းပြင်ပကိစ္စတွေနဲ့ အလုပ်ရှုပ်နေတဲ့ လင်ဂတ်ကို ဝေဖန်ခဲ့ပါသေးတယ်။

ဒါ့အပြင် မန်ယူ ဂန္တဝင်ကစားသမား ဂယ်ရီ နဗီးကလည်း လင်ဂတ်ကို ‘ အသင်းကြီးနဲ့ ကစားရမယ်ပွဲရှိနေတာတောင်မှ သူမှာ အဝတ်အစားကိစ္စတွေနဲ့ စောက်လုပ်ရှုပ်နေနိုင်သေးတယ်လို့ ’ လည်း ဝေဖန်ခဲ့ပါတယ်။

ဒါပေမယ့်လင်ဂတ်ဟာ သူတည်ထောင်တဲ့ 'JLingz' ကုမ္မဏီကို အောင်မြင်ဖို့ အများကြီး မျှော်လင့်ထားတယ် လို့သိရပါတယ်။ အသက် ၂၆ နှစ်အရွယ် လင်ဂတ်ဟာ မန်ယူအသင်းမှာ ခြေစွမ်းပြဖို့ ရုံးကန်နေရပြီး ဒီရာသီမှာ အသင်းအတွက် တစ်ဂိုးမှ သွင်းယူနိုင်ခဲ့ခြင်းမရှိသေးပါဘူး။


29 Oct 2019     1,344 Views




RELATED

Most Popular of Football

Most Popular of Sport