BEC-TERO TV

ခြေစစ်ပွဲအောင်မြင်ခဲ့တဲ့ ပေါ်တူဂီယူ-၁၇ အမျိုးသမီးအသင်းကို ဘောလုံးကန်ဖိနပ်တွေ ဆုချခဲ့တဲ့ စီရော်နယ်ဒို

29 Oct 2019     1,788 Views


ဂျူဗင်တပ်စ်အသင်းနှင့် ပေါ်တူဂီ လက်ရွေးစင် အသင်းခေါင်းဆောင် စီရော်နယ်ဒိုဟာ ယူရို ၂၀၂၀ ခြေစစ်ပွဲမှာ လစ်ဗီးယားကို ၄ ဂိုးပြတ်အနို်ငရပြီး ခြေစစ်ပွဲအောင်မြင်ခဲ့တဲ့ ပေါ်တူဂီ အမျိုးသမီး ယူ-၁၇ အသင်းကို ဘောလုံးကန်ဖိနပ်တွေ ဆုချခဲ့ပါတယ်။

ပေါ်တူဂီ အတွက် အကောင်းဆုံး စွမ်းဆောင်ခဲ့တဲ့ အမျိုးသမီး ယူ-၁၇ တစ်သင်းလုံးကို Mercurial Dream Speed boots ဘောကန် ဖိနပ်တွေ ဆုချခဲ့တာပါ။ အခုလို ဆုချရတဲ့ ရည်ရွယ်ချက်ကတော့ သူတို့ရဲ့ အိမ်မက်တွေကို ဒီဖိနပ်လေးတွေက အကူအညီပေးလိမ့်မယ့်လို့ စာရေးသားပြီး ပေးပို့ခဲ့တာ ဖြစ်ပါတယ်။

စီရော်နယ်ဒို ကိုယ်တိုင်လည်း အိမ်မက်တွေကို အကောင်အထည်ဖော်ခဲ့ပြီး သူတို့လိုမျိုး အောင်မြင်တဲ့ ဘောလုံးသမားတွေ ဖြစ်လာဖို့ ကြိုးစားစေချင်တဲ့ စိတ်ဖြစ်ဖို့ စိတ်ခွန်အားပေးခဲ့တာဖြစ်ပါတယ်။

အသက် ၃၄ နှစ်အရွယ်ရှိ စီရော်နယ်ဒိုဟာ ပရော်ဖက်ရှင်နယ်ဘောလုံးသမားဘဝမှာ ဘလွန်းဒီအော ဆု (၅) ကြိမ် ၊ သွင်းဂိုးပေါင်း (၇၀၀) ကျော်ကို သွင်းယူထားပြီး ဆုဖလားပေါင်း (၂၉) ခုတောင်ရရှိထားပြီး ဖြစ်ပါတယ်။


29 Oct 2019     1,788 Views




RELATED

Most Popular of Football

Most Popular of Sport