BEC-TERO TV

ချဲလ်ဆီးအသင်း လူငယ်တွေနဲ့ မယှဉ်နိုင်တဲ့အချက်ကိုဝန်ခံ ပြောကြားခဲ့တဲ့ ဆိုးလ်ရှား

30 Oct 2019     1,358 Views


ယနေ့ညမှာတော့ ကာရာဘောင်းဖလား စတုတ္ထအဆင့်ပွဲစဉ်အဖြစ် ပွဲကြီးပွဲကောင်းဖြစ်မယ့် ချဲလ်ဆီးအသင်းနှင့် မန်ယူအသင်းတို့ စတမ်းဖို့ဒ်ဘရစ်ချ်ကွင်းမှာ ယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။ အဆိုပါ ပွဲမတိုင်မီ သတင်းစာရှင်းလင်းပွဲတွင် နည်းပြဆိုးလ်ရှားက  ချဲလ်ဆီးအသင်း လူငယ်ကြယ်ပွင့်တွေဟာ မန်ယူအသင်းမှာ ကစားနေတဲ့ လူငယ်ကစားသမားတွေထက် မယှဉ်နိုင်တဲ့အချက်ကို ဝန်ခံ ပြောကြားခဲ့ပါတယ်။

မန်ယူအသင်းနည်းပြ ဆိုးလ်ရှားနှင့် ချဲလ်ဆီးအသင်းနည်းပြ လမ်းပတ်တို့ဟာ လူငယ်များကို အခွင့်အရေးပေးပြီး လမ်းပတ်ကတော့ လူဝယ်ခွင့် အပြောင်းအရွေ့ပိတ်ခံရတဲ့အတွက် အကယ်ဒမီကစားသမား အများစုကို အသုံးပြုနေခြင်း ဖြစ်ပါတယ်။ လက်ရှိအခြေအနေမှာ ချဲလ်ဆီအသင်းဟာ လူငယ်တွေနဲ့ ကောင်းမွန်တဲ့ ပုံစံကောင်းတစ်ရပ်ကို ပြသနေပါတယ်။

ဆိုးလ်ရှားကတော့ ‘ချဲလ်ဆီးအသင်းလက်ရှိအခြေအနေဟာ စိတ်လှုပ်ရှားစရာကောင်းပါတယ်။ ဖရန် (လမ်းပတ်)ရရှိထားတဲ့ လူငယ်ကစားသမားတွေက ချန်ပီယံရှစ်ကလပ်တွေမှာ တစ်နှစ် (သို့မဟုတ်) နှစ်နှစ်ကြား အငှားသွားရောက်ကစားထားတဲ့ ကစားသမားတွေမှာပါ။ ဒါက ကျွန်တော်တို့ နှစ်သင်းအကြား ခြားနားချက်ပါ။

တချို့ချဲလ်ဆီး ကစားသမားတွေဆိုရင် မှန်ကန်တဲ့ လမ်းကြောင်းပေါ်ကို လျှောက်လှမ်းနေကြပါပြီ။ နောက်ဆုံးနှစ်ပွဲကို လွဲချော်ခဲ့တဲ့ တွမ်ဇီဘီ ဆိုရင် ပြီးခဲ့တဲ့ ရာသီက ဗီလာအသင်းကို အငှားသွား ကစားခဲ့ပါတယ်။ ဒီလိုသွားရောက်ကစားတဲ့ အကျိုးအမြတ်က ဘာလဲဆို မြင်မှာပါ။

ချဲလ်ဆီး လူငယ်ကစားသမားတွေက အဲ့လိုအကျိုးအမြတ်တွေကို ရရှိနေကြတာပါ။ ကျွန်တော် ထင်ပါတယ် လူငယ်အသင်းဆိုပေမယ့် အတွေ့အကြုံရင့်ကျက်တဲ့ လူငယ်အသင်း ဖြစ်ပါတယ် ’  ဆိုပါတယ်။


30 Oct 2019     1,358 Views




RELATED

Most Popular of Football

Most Popular of Sport