BEC-TERO TV

ဗိုက်ဆာနေပေမယ့် ဘန်ကောက်ရှိုးပွဲမှာ အကောင်းဆုံးဖျော်ဖြေနိုင်ခဲ့တဲ့ IU

30 Oct 2019     2,168 Views


တောင်ကိုးရီးယား အဆိုတော်၊ သရုပ်ဆောင် IU ဟာ ဒီရက်ပိုင်းအတွင်း ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ဖျော်ဖြေပွဲတစ်ခုပြုလုပ်ခဲ့ပါတယ်။ IU က ဘန်ကောက် ရောက်နေတဲ့အကြောင်း သူမရဲ့ ကိုယ်ပိုင် vlog ဖြစ်တဲ့ dlwlrma မှာ ဗွီဒီယိုတင်ခဲ့ပါတယ်။

ဗွီဒိယိုမှာ IU က စတိတ်စင်နောက်မှာ ဖျော်ဖြေဖို့ အသင့်အနေအထားဖြစ်နေတဲ့အချိန် ကင်မရာမန်းက သူမအနားကိုရောက်လာခဲ့ပါတယ်။ IU က ကင်မရာမန်းကို သူမဗိုက်ဆာတဲ့အကြောင်း လှမ်းပြောလိုက်တဲ့အခါ ကင်မရာမန်းက ‘ခဏနေ စင်ပေါ်တက်ရတော့မှာ ပရိတ်သတ်တွေရဲ့ အချစ်ကို စားသုံးလိုက်ပေါ့’ ဆိုပြီး သူမကိုပြောပါတယ်။

ပုံမှန်တခြား idol တွေဆိုရင်  ဒီနေရာမှာ ပရိတ်သတ်တွေရဲ့ အချစ်ကိုစားပါမယ်၊ လက်ခံရရှိလိုက်ပါမယ်လို့ ပြောကြမှာပါ။ IU ကတော့ ဒီလိုမဟုတ်ခဲ့ပါဘူး။ ပွင့်ပွင့်လင်းလင်း ပြောဆိုနေထိုင်တတ်တဲ့ သူမဟာ သူမ ဗိုက်ဆာတဲ့အကြောင်းကိုပဲ ထပ်တလဲလဲပြောနေခဲ့ပါတယ်။

IU ဟာ ဘန်ကောက်ရှိုးပွဲကို ဗိုက်ထဲမှာ အစာမရှိဘဲ ဖျော်ဖြေခဲ့တာဖြစ်ပေမယ်လို့ အကောင်းဆုံးသော ဖျော်ဖြေတင်ဆက်မှုမျိုး ပရိတ်သတ်ကိုပေးနိုင်ခဲ့ပါတယ်။

သူမရဲ့ ဘန်ကောက် ဖျော်ဖြေရေးအစီအစဉ် video ကို ပိုပိုလေးနဲ့အတူ ဆက်လက်ကြည့်ရှုလိုက်ရအောင်>>

Ref:koreaboo

(ပိုပိုလေး)

 

 


30 Oct 2019     2,168 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS