BEC-TERO TV

ချင်းပြည်နယ် ဟားခါးလေးကျေးရွာမှာကလေးပျော်ကျောင်းဖွင့်လှစ်သင်ကြား

15 Sep 2015     1,277 Views


ချင်းပြည်နယ် တွန်းဇံမြို့နယ်အတွင်းရွာလုံးကျွတ်နီးပါးရွံ့နွံ့များဖုံးလွမ်းခံခဲ့ရတဲ့ဟားခါး လေးကျေးရွာက ကလေးသူငယ်တွေကိုစိတ်ပိုင်းဆိုင်ရာအားငယ်မှုမရှိစေဖို့ရည်ရွယ်ပြီး ကလေးပျော်ကျောင်းများကို UNICEF ကဖွင့်လှစ်သင်ကြားပေးနေပါတယ်။ဟားခါးလေး ကျေးရွာကအခြေခံပညာကျောင်းတွေကိုရောကြီးမှုကြောင့်မှုလနေရာမှာပိတ်ထားပေမယ့်ယာယီကယ်ဆယ်ရေးစခန်းတွေမှာအစားထိုးသင်ကြားပေးနေပြီးကလေးငယ်ရဲ့စိတ်ပိုင်းဆိုင်ရာအတွက်ကလေးပျော်ကျောင်းတွေကိုဖွင့်လှစ်ထားတာဖြစ်ပါတယ်။ဒီကျောင်းမှာကလေးတွေကိုတစ်နေ့ကို ၂ နာရီသင်ကြားပေးနေတာဖြစ်ပြီးကလေးအယောက် ၈၀ ကျော်ကိုဆရာမ ၂ ယောက်ကသင်ကြားပေးနေတာပါ။ကလေးတွေကိုစိတ်ဓာတ်ပိုင်း ဆိုင်ရာပြန်လည်မြင့်တင်မှုအတွက်သင်ကြားပေးနေတဲ့ဆရာမတွေကိုတော့ unicef က ၂ လတာသင်တန်းပေးပြီးသင်ကြားစေတာဖြစ်ပါတယ်။


15 Sep 2015     1,277 Views




RELATED

Most Popular of Good Morning Myanmar

Most Popular of NEWS