BEC-TERO TV

မန်ယူအသင်းနည်းပြ ဆိုးလ်ရှားရဲ့အမြင်ကို သဘောမတူခဲ့တဲ့ လမ်းပတ်

30 Oct 2019     1,392 Views


ယနေ့ညမှာတော့ ကာရာဘောင်းဖလား စတုတ္ထအဆင့်ပွဲစဉ်အဖြစ် ပွဲကြီးပွဲကောင်းဖြစ်မယ့် ချဲလ်ဆီးအသင်းနှင့် မန်ယူအသင်းတို့ စတမ်းဖို့ဒ်ဘရစ်ချ်ကွင်းမှာ ယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။ အဆိုပါ ပွဲမတိုင်မီ သတင်းစာရှင်းလင်းပွဲတွင် နည်းပြဆိုးလ်ရှားက  ချဲလ်ဆီးအသင်း လူငယ်ကြယ်ပွင့်တွေဟာ မန်ယူအသင်းမှာ ကစားနေတဲ့ လူငယ်ကစားသမားတွေထက် မယှဉ်နိုင်တဲ့အချက်ကို ဝန်ခံ ပြောကြားခဲ့ပါတယ်။

ဆိုးလ်ရှားရဲ့ချဲလ်ဆီးအသင်း လူငယ်ကစားသမားတွေအပါ်အမြင်ကို ချဲလ်ဆီးအသင်းနည်းပြ လမ်းပတ်ကတော့ သဘောမတူပါဘူးလို့ ပြောကြားလိုက်ပါတယ်။ ဆိုးလ်ရှားက ချဲလ်ဆီးအသင်းလူငယ်ကစားသမားတွေကြောင့် ချန်ပီယံရှစ် ကလပ်အသင်းတွေမှာ အငှားသွားရောက် ကစားခဲ့တာကြောင့် မန်ယူလူငယ်ကစားသမားတွေထက်စာရင် အများကြီး အကျိုးအမြတ် ဖြစ်ထွန်းတယ်ဆိုတဲ့ အမြင်ကို လက်မခံခဲ့တာ ဖြစ်ပါတယ်။

လမ်းပတ်က ‘ဆိုးလ်ရှား ဘာကိုဆိုလိုတယ်ဆိုတာကို ကျွန်တော်မသိပါဘူး။ ခင်ဗျားကြည့်လိုက်ပါ။ ရက်ဖို့စ်ဟာလည်း လူငယ်ကစားသမားပဲလေ..။  သူဆိုရင်ရော နိုင်ငံအသင်းအတွက် ဘယ်လောက်အကျိုးပြုထားလဲ.. ။ တွမ်ဇီဘီဆိုရင်လည်း မနှစ်က အငှားထွက်ကစားခဲ့ပြီး ခြေစွမ်းပြကစားနိုင်ခဲ့တာပဲလေ…။ ဒန်နီရယ်ဂျိမ်းလို လူငယ် ကစားသမားကောင်း တွေကိုလည်း ခေါ်ယူနိုင်ခဲ့သေးတာပဲ မဟုတ်လား’

‘ ကျွန်တော်ထင်တယ် ကျွန်တော်တို့မှာ ရထားတဲ့ ကစားသမားတွေက အတွေ့အကြုံကောင်းတွေ ရှိတဲ့ ကစားသမားတွေ ဖြစ်ချင်ဖြစ်မယ် ၊ ဖြစ်ချင်မှလည်းဖြစ်မယ်။ ဒါပေမယ့် သူတို့မှာလည်း ကောင်းမွန်တဲ့ ကစားသမားတွေရှိနေတာပဲမလား..။ ကစားသမားတွေ အငှားချနိင်တဲ့ စနစ်က စည်းကမ်းချက်ရှိတာပဲ..။ အငှားထွက်ကစားလို့ အကျိုးအမြတ်ရတာတွေ           မဆိုင်ပါဘူး..။ သူတို့မှာ အကြွေးပြသာနာ အချိုရှိလို့နေပါလိမ့်မယ်..။  ’

‘ ပြီးခဲ့တဲ့ နှစ်တွေက ကျွန်တော်တို့အသင်းဟာ မှန်ကန်တဲ့ အသင်းတွေမှာ မှန်ကန်တဲ့ အငှားချနိုင်မှု တွေပြုလုပ်နိုင်ခဲ့တယ်။ ဒါကြောင့် ဒီရာသီမှာ မေဆွန်မောင် ၊ တိုမိုရီတို့လို့ ကစားသမားတွေကို ကံကောင်းပြီး ရရှိခဲ့ပါတယ်။ ဒီအတွက်ကြောင့် ကျွန်တော်အတွက်လည်း ကောင်းမွန်သလို့ သူတို့အတွက်လည်း ကောင်းမွန်ခဲ့ပါတယ်။ အလားအလာရှိတဲ့ ကစားသမားတွေအကြောင်း ပြောရင် အငှားချတဲ့ စနစ်က အကောင်းဆုံးဖြစ်ပါတယ်  ’ဆိုးလ်ရှားရဲ့အမြင်ကို တုံပြန်ပြောကြားခဲ့ပါတယ်။

ချဲလ်ဆီးအသင်းဟာ ဒီရာသီမှာ အကယ်ဒမီထွက် ကစားသမားတွေနဲ့ ကောင်းမွန်တဲ့ ခြေစွမ်းတွေပိုင်ဆိုင်ထားပြီး (၇) ပွဲဆက်အနိုင်ကို ရရှိထားပါတယ်။  ပြီးခဲ့တဲ့ ရာသီက ချန်ပီယံရှစ်ကလပ်တွေမှာ အငှားသွားကစားခဲ့တဲ့ အေဗာရာဟန် ၊ တိုမိုရီ ၊ မေဆွန်မောင့် တို့လို့ ကစားသမားတွေလည်း ပရီးမီးယားလိဂ်မှာ ကစားနေကြပြီ ဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းဟာ ပရီးမီးယားလိဂ် ရာသီအစက မန်ယူအသင်းနဲ့ တွေဆုံခဲ့ပြီး ၄-၀ ဖြင့်ဂိုးပြတ်ရှုံးနိမ့်ခဲ့ပါတယ်။ ဒီတစ်ခါ ချဲလ်ဆီအသင်း အိမ်ကွင်းမှာ တစ်ကျောပြန် ကလဲ့စားချေနိုင်မလား ဆိုတာတော့ စောင့်ကြည့်သွားရမှာဖြစ်ပါတယ်။


30 Oct 2019     1,392 Views




RELATED

Most Popular of Football

Most Popular of Sport