BEC-TERO TV

ဖခင်ဖြစ်သူဆုံးသွားလို့ ဝမ်းနည်းစိတ်မကောင်းဖြစ်နေတဲ့ သရုပ်ဆောင်ဇင်မျိုး

30 Oct 2019     2,506 Views


သရုပ်ဆောင်ဇင်မျိုးက​တော့ ဇာတ်ပို့ဇာတ်ရံသရုပ်ဆောင်အဖြစ် အနုပညာလောကထဲမှာ ကျင်လည်ခဲ့တဲ့နှစ်ပေါင်းများစွာကြာမြင့်ခဲ့ပြီဖြစ်ပြီး ပရိသတ်အားပေးမှုအခိုင်အမာရရှိခဲ့တဲ့ သရုပ်ဆောင်ကောင်းတစ်ယောက်ဖြစ်ပါတယ်။ ရုပ်ရှင်ကားတိုင်းလိုလိုမှာ မပါမဖြစ်အမြဲမြင်တွေ့ခဲ့ရသူတစ်ယောက်လဲ ဖြစ်ပါတယ်။

>>Read More ကိုနှိပ်ပြီး ဆက်လက်ဖတ်ရှုပါ<<

လတ်တလောမှာတော့ သရုပ်ဆောင်ဇင်မျိုးတစ်ယောက် ဖခင်ဖြစ်သူဆုံးပါးသွားမှုကြောင့် ဝမ်းနည်းပူဆွေးလို့နေပါတယ်။ အသက် (၇၄) နှစ်ရှိပြီဖြစ်တဲ့ ဇင်မျိုးရဲ့ဖခင်ကြီးဟာ မနေ့ကအောက်တိုဘာလ (၂၉) ရက်နေ့ နေ့လည်ပိုင်းက ဆုံးပါးသွားတာပဲဖြစ်ပါတယ်။ မနက်ဖြန် ကြာသပတေးနေ့မှာတော့ ဖခင်ဖြစ်သူရဲ့ရုပ်ကလာပ်ကို ရေဝေးသင်္ချိုင်းတွင် မီးသဂြိုလ်မှာဖြစ်တယ်လို့ သိရပါတယ်။

ဖခင်ဖြစ်သူဆုံးပါးသွားတဲ့အကြောင်းကိုတော့ ဇင်မျိုးက သူ့ရဲ့ဖေ့စ်ဘွတ်စာမျက်နှာ စိတ်မကောင်းခြင်းများစွာနဲ့ ရေးသားထားတာဖြစ်ပါတယ်။ ခင်မင်ရင်းနှီးကြသူ မိတ်ဆွေအပေါင်းအသင်းများနဲ့ ပရိသတ်များကတော့ သရုပ်ဆောင်ဇင်မျိုးနဲ့ ထပ်တူဝမ်းနည်းမိရသလို စိတ်မကောင်းဖြစ်ရကြောင်းကိုပါ ပြန်လည်ရေးသားခဲ့ကြပါတယ်။

 

(ပိုပိုလေး)


30 Oct 2019     2,506 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment