BEC-TERO TV

နိုင်ငံရေးတင်းမာမှုကြောင့် လက်ထပ်လို့မရနိုင်ဖြစ်နေတဲ့ ဟောင်ကောင်မြို့ရှိ စုံတွဲများ

30 Oct 2019     1,560 Views


တရုတ်ပြည်မကြီးနဲ့ ဟောင်ကောင်အစိုးရတို့ကြားက တိုက်ခိုက်မှုဟာ ရပ်တန့်မသွားဘဲ တစ်စထက်တစ်ထ ပိုမိုပြင်းထန်လာပါတယ်။ ဟောင်ကောင်မှာရှိတဲ့ Cantonese တွေဟာ တရုတ်ပြည်မကြီး လက်အောက်ကခွဲထွက်ပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိဖို့ နည်းလမ်းမျိုးစုံနဲ့ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

ဟောင်ကောင်နဲ့ ပြည်မကြီးကြားက ပြဿနာဟာ ပြီးခဲ့တဲ့ မတ် ၃၁၊ ၂၀၁၉ မှာစတင်ခဲ့ကြပြီး ယနေ့အချိန်ထိ ဆန္ဒပြနေတာမျိုးတွေ ရပ်တန့်သွားခြင်းမရှိပါဘူး။

ဒီလိုပြဿနာတွေ မဖြစ်ပွားခင်က ဟောင်ကောင်မှာနေထိုင်တဲ့ စုံတွဲပေါင်း ၅ သိန်းခန့်တို့ဟာ လက်ထပ်ဖို့ ရည်ရွယ်ထားကြပါတယ်။

အတွဲပေါင်း ၅၀၀၀ ကတော့ သူတို့လက်ထပ်မယ့် ရက်တွေကို ရွေ့ဆိုင်းလိုက်ကြပြီး နောက်ထပ် အတွဲပေါင်း ၅၀၀ ကတော့ လက်ထပ်မယ့်အစီအစဉ်ကို သူတို့ကိုယ်တိုင် ဖျက်သိမ်းသွားကြပြီဖြစ်ကြောင်း CGTN မီဒီယာမှာ ဖော်ပြထားပါတယ်။

Ref:CGTN

(ပိုပိုလေး)

 

 

 


30 Oct 2019     1,560 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS