BEC-TERO TV

အိန္ဒိယနိုင်ငံမှာ အမျိုးသမီးတွေ ဘတ်စ်ကားအခမဲ့ စီးနိုင်မယ့် အစီအစဉ်သစ်တစ်ခု ပြုလုပ်

30 Oct 2019     1,635 Views


အိန္ဒိယနိုင်ငံ ၊ နယူးဒေလီမြို့တော်မှာ အမျိုးသမီးတွေကို ဘတ်စ်ကားအခမဲ့ စီးနိုင်မယ့် အစီအစဉ်သစ်တစ်ခုကို စတင်လိုက်တယ်လို့ သိရပါတယ်။ အိန္ဒိယနိုင်ငံမှာ အမျိုးသမီးတွေ အလုပ်လုပ်ကိုင်နှုန်းဟာ ကမ္ဘာ့အနိမ့်ဆုံး နိုင်ငံတွေထဲမှာ ပါဝင်နေပြီး အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှု ပြုလုပ်တဲ့ အမှုတွေလည်း များပြားပါတယ်။

၂၀၁၂ ခုနှစ်က ဘတ်စ်ကားတစ်စီးပေါ်မှာ ကျောင်းသူတစ်ဦး အဓမ္မပြုကျင့်မှုဖြစ်လို့ ဆန္ဒပြပွဲတွေ ဖြစ်ပေါ်လာပြီးနောက် နယူးဒေလီမြို့ကို သတင်းသမားတွေရဲ့ အာရုံစိုက်ခြင်းခံခဲ့ရပါတယ်။ နယူဒေးလီမြို့တော် အုပ်ချုပ်ရေးအဖွဲ့ အကြီးအကဲ တစ်ဦးဟာ အမျိုးသမီးတွေအတွက် ဘေးကင်းလုံခြုံစေဖို့အတွက် အခုလို ခြေလှမ်းသစ် စတင်လိုက်ခြင်းဖြစ်တယ်လို့ သိရပါတယ်။

အမျိုးသမီးတွေဟာ ဘတ်စ်ကားကို အခမဲ့စီးနိုင်ဖို့အတွက် ပန်းရောင်လက်မှတ်များကို ထုတ်ယူရမှာ ဖြစ်ပြီး ထိုလက်မှတ်တွေနောက်မှာ မြို့တော် အကြီးအကဲ Arvind Kejriwal ရဲ့ အမျိုးသမီးတွေနဲ့ သူတို့ရဲ့ မိသားစုတွေ လွတ်လပ်စွာ လုပ်ပိုင်ခွင့်တွေ ရရှိလာဖို့ မျှော်လင့်ကြောင်း ရေးသားထားပါတယ်။

လူဦးရေ သန်း ၂၀ လောက်ရှိတဲ့ နယူးဒေလီမြို့မှာ ပုံမှန် ဘတ်စ်ကားစီးသူ အမျိုးသမီး ၈ သိန်းခွဲအတွက် အစောင့်အရှောက်လိုက်ပါသူ ၁၃,၀၀၀ ချထားမယ်လို့  မြို့တော် အကြီးအကဲ Kejriwal က ဆိုပါတယ်။

ဒေလီမြို့လယ်က အလုပ်လုပ်နေတဲ့ အသက် ၂၄ နှစ် အရွယ်ရှိ Sonia Rathore က အခမဲ့ လက်မှတ်ရလို့ တစ်လကို ရူပီး ၂,၀၀၀ (အမေရိကန် ဒေါ်လာ ၃၀) လောက် သူ့အတွက် သက်သာစေမယ်လို့ ဆိုပါတယ်။ နောက် ဝင်ငွေ ၁၀၀၀၀ ရူပီ ၊ ၁၅၀၀၀ ရူပီ မဝင်တဲ့သူတွေလည်း တစ်ဖက်တစ်လှမ်းကနေ ကူညီရာ ရောက်သွားမယ်လို့ AFP ကိုပြောပါတယ်။

 


30 Oct 2019     1,635 Views




RELATED

Most Popular of International News

Most Popular of Sport