BEC-TERO TV

မားကပ် ရှပ်ဖို့စ်ရဲ့ လှပတဲ့ဖရီးကစ် သွင်းဂိုးအောက်မှာ ကျဆုံးခဲ့ရတဲ့ ချဲလ်ဆီး

31 Oct 2019     1,411 Views


မနေ့ညက ကာရာဘောင်းဖလား စတုတ္ထအဆင့်ပွဲစဉ်အဖြစ် ပွဲကြီးပွဲကောင်းဖြစ်မယ့် ချဲလ်ဆီးအသင်းနှင့် မန်ယူအသင်းတို့ စတမ်းဖို့ဒ်ဘရစ်ချ်ကွင်းမှာ ယှဉ်ပြိုင်ကစားကြပြီး မန်ယူအသင်းက ၂-၁ ဖြင့် အနိုင်ရရှိခဲ့ပြီး ​နောက်တစ်ဆင့်ကို တက်လှမ်းသွားနိုင်ခဲ့ပါတယ်။

ဒီနေ့ပွဲမှာ နှစ်ဖက်အသင်းဟာ လူငယ်ကစားသမား တချို့ကို အသုံးပြုလာခဲ့ပါတယ်။ ပွဲအစမှာ ချဲလ်ဆီးအသင်းဟာ မန်ယူအသင်းရဲ့ မာမာထန်ထန်တုံ့ပြန်ကစားပုံကြောင့် ခက်ခက်ခဲခဲ ကစားခဲ့ရပါတယ်။ မန်ယူအသင်းကတော့ ရံဖန်ရံခါ ဂိုးပေါက်တိုက်စစ်ဆင်မှုပြုလုပ်လာနိုင်ခဲ့ပြီး ပွဲချိန် (၂၅) မိနစ်မှာ မန်ယူကစားသမား ဒန်နီရယ် ဂျိမ်းကို ချဲလ်ဆီးနောက်ခံလူ မာကို့စ် အလွန်ဆိုက ဖြတ်ထုတ်မှု ကြမ်းတမ်းခဲ့တယ်ဆိုပြီး မန်ယူအသင်းကို ကွင်းလယ်ဒိုင်က ပင်နတီပေးခဲ့ပါတယ်။ ပင်နယ်တီကို မာကပ် ရှပ်ဖို့စ်က ကန်သွင်းယူခဲ့ပြီး မန်ယူအသင်း ဦးဆောင်ဂိုးရရှိခဲ့ပါတယ်။

မန်ယူအသင်းဟာ ပထမပိုင်းမှာ ၀-၁ ဖြင့် ဦးဆောင်ထားနိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းပြန်စချိန်မှာ ချဲလ်ဆီးအသင်းက ပိုမိုအသာပေး တိုက်စစ်ဆင်မှုတွေပြုလုပ်လာနိုင်ခဲ့ပါတယ်။ မန်ယူအသင်းကို ဘောလုံးအသားစီး တစ်ဖက်သတ်ကစားနိုင်ခဲ့ပြီးပွဲချိန် (၆၁) မိနစ်မှာ ဘက်ရူဝါရီက ချေပဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

ဒုတိယပိုင်း တစ်ပိုင်းလုံးကို ချဲလ်ဆီးအသင်းကသာ အသာစီးကစားထားနိုင်ခဲ့ပြီး ထိရောက်တဲ့ တိုက်စစ်ဆင်မှုတွေ နှစ်သင်းစလုံးပြုလုပ်နိုင်ခြင်းမရှိပါဘူး။ ဒါပေမယ့် ပွဲချိန်(၇၃) မိနစ်မှာ ရရှိခဲ့တဲ့ ပြစ်ဒဏ်ဘောကို မန်ယူတိုက်စစ်မှူး ရှက်ဖို့စ်က ကိုက်(၃၅)အကွာကနေ လှပတဲ့ ဖရီးကစ်သွင်းဂိုးနဲ့သွင်းယူခဲ့ပြီး ချဲလ်ဆီးအသင်းကို ၁-၂ ဖြင့်ဦးဆောင်စေခဲ့ပါတယ်။

နောက်ပိုင်းအချိန်တွေမှာ ချဲလ်ဆီးအသင်းဟာ အားကုန်တိုက်စစ်ဆင်ကစားခဲ့ပေမယ့် ထိရောက်တဲ့ တိုက်စစ်ဆင်မှုမရှိခဲ့တာကြောင့် ပွဲအပြီးမှာ မန်ယူအသင်းက ၂-၁ ဖြင့်အနိုင်ရရှိခဲ့ပါတယ်။ ဒီပွဲမှာ သူရဲကောင်းဖြစ်ခဲ့တာကတော့ မန်ယူအသင်း တိုက်စစ်မှူး မားကပ် ရှပ်ဖို့စ်ဖြစ်ပြီး အမေးဇင်းဖြစ်စေမယ့် အနိုင်ဂိုးကို ဖရီးကစ်ဖြင့်သွင်းယူနို်ငခဲ့ပါတယ်။

ဒီရာသီမှာ ချဲလ်ဆီးအသင်းဟာ မန်ယူအသင်းနဲ့ ၂ ကြိမ်တွေ့ဆုံခဲ့ပြီး ၂ ကြိမ်စလုံး ရှုံးနိမ့်ခဲ့ပါတယ်။ ပရီးမီယားလိဂ်ပွဲစဉ်တုန်းက ၄-၀ ဖြင့်ဂိုးပြတ်ရှုံးနိမ့်ခဲ့ပြီး ဒီတစ်ကြိမ် အိမ်ကွင်းမှာ ကစားရသော် ကလဲ့စား မချေနိုင်ဘဲ နောက်ထပ်တစ်ဖန် အကြွေးထပ်တင်ခဲ့ပါတယ်။


31 Oct 2019     1,411 Views




RELATED

Most Popular of Football

Most Popular of Sport