BEC-TERO TV

ကာကာ နဲ့ Selfie တွဲရိုက်ချင်လို့ ညဏ်ဆင်ခဲ့တဲ့ အမျိုးသမီး ကွင်းလယ်ဒိုင်

31 Oct 2019     1,460 Views


ပြိုင်ဆိုင်မှုပြင်းထန်တဲ့ ဘောလုံးလောကမှာ ငြင်းခုံစရာတွေရှိပေမယ့်မှာ တစ်ခါတစ်လမှာ အဖြစ်အပျက်လေးတချို့က ပျော်စရာ ၊ ကြည်နူးစရာလေးတွေဖြစ်လာတာမျိုး ရှိပါတယ်။

ထူးထူးဆန်းဆန်းအကြောင်းအရာတွေနဲ့ အမြဲဖြစ်ပေါ်နေတဲ့ ဘောလုံးအားကစားမှာ ပြီးခဲ့တဲ့အပါတ်က ဖြစ်ပျက်ခဲ့တဲ့ အဖြစ်ပျက်လေးတစ်ချို့ကတော့ ကြည်နူးပျော်ရွင်ဖွယ်မြင်ကွင်းလေးကို မြင်တွေ့ရမှာပါ။

မကြာသေးခင်ကမှ ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ အစ္စရေး Legend အသင်းနဲ့ ဘရာဇီးလ် Legend အသင်းတို့ ကစားတဲ့ ရန်ပုံငွေပွဲစဉ်မှာ ထူးထူးဆန်းဆန်းအဖြစ်အပျက်တချို့ ဖြစ်ပေါ်ခဲ့ပါတယ်။ ဒါလေးကတော့ အမျိုးသမီး ကွင်းလယ်ဒိုင်က ဘောလုံးဆွဲပြေးလာတဲ့ ဘရာဇီးလ် ဂန္တဝင်က ကစားမား ကာကာကို အကြောင်းပြချက်မရှိဘဲ အဝါကဒ်ပြား ပြသခဲ့ပါတယ်။

သူမရဲ့လုပ်ရပ်ကြောင့် ပွဲကြည့်သူတွေနဲ့ ကစားသမားတွေကြောင်တောင်တောင် ဖြစ်သွားခဲ့ပြီး သူမက ချက်ချင်းဆိုသလို သူမအိပ်ကပ်ထဲ့မှ ဖုန်းကိုထုတ်ကာ ကာကာနဲ့အတူ Selfie ရိုက်ခဲ့ပါတယ်။ ဒီအဖြစ်အပျက်ကို မြင်ပြီး ပရိတ်သတ်အားလုံးလည်း ရယ်မောခဲ့ကြပြီး သူမရဲ့လုပ်ရပ်အပေါ် အားလုံး ပျော်ရွင်ခဲ့ကြပါတယ်။

ထို့နောက် ဘရာဇီး ဂန္တဝင်ကစားသမားတွေလည်း ရယ်မောခဲ့ကြပြီး သူမအနားကိုလာကာ လက်ဆွဲနှုတ်ဆက်မှုတွေပြုလုပ်ခဲ့ကြပါတယ်။ အဆိုပါ ပွဲကို ပရိတ်သတ် (၂၈၀၀၀) ခန့်လာရောက်အားပေးခဲ့ကြပြီး ပွဲအပြီးမှာ ဘရာဇီးလ် Legend အသင်းက အစ္စရေး Legend အသင်းကို ၄-၂ ဖြင့်အနိုင်ရရှိခဲ့ပါတယ်။


31 Oct 2019     1,460 Views




RELATED

Most Popular of Football

Most Popular of Sport