BEC-TERO TV

Kenya တွင် အလိုမတူဘဲမွေးဖွားခဲ့ရတဲ့ ကလေးတွေအတွက် မိခင်နို့ရည်အလှူခံမှုပြုလုပ်

31 Oct 2019     1,857 Views


အရှေ့အာဖရိက ဒေသမှာတည်ရှိတဲ့ Kenya နိုင်ငံဟာဆိုရင် ဆင်းရဲငတ်မွတ်မှု ဒဏ်ကိုခံနေရတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်ပါတယ်။ ဒီနောက်ပိုင်း Kenya မှာ အမျိုးသမီးတွေ အလိုမတူဘဲ ကလေးရရှိတဲ့အဖြစ်မျိုးတွေ များပြားလာပြီး အစာရေစာငတ်ပြတ်မှုကြောင့် မိခင်နို့ရည် လုံလုံလောက်လောက် မပေးနိုင်ဘဲရှိနေပါတယ်။

ဒီအချင်းအရာနဲ့ ပတ်သတ်ပြီး Kenya နိုင်ငံ ၊ Nairobi မြို့မှာတည်ရှိတဲ့ Pumwani Maternity ဆေးရုံက မိခင်နို့ရည် လုံလုံလောက်လောက် မရရှိတဲ့ကလေးတွေအတွက် မိခင်နို့ရည် အလှူခံမှုတစ်ခုပြုလုပ်ခဲ့ပါတယ်။

မွေးကင်းစ သားသမီးရှိတဲ့ မိခင်အချို့ လာရောက်လှူဒါန်းခဲ့ကြပြီး နို့ရည်လုံလုံလောက်လောက် မရရှိထားတဲ့ ကလေး ၇၅ ယောက်ရဲ့ အသက်ကို ကယ်တင်လိုက်နိုင်ပြီပဲဖြစ်ပါတယ်။

ပုံမှန်အားဖြင့် မိခင်အရင်းရဲ့ ခန္ဓာကိုယ်ကထွက်တဲ့ နို့ရည်ကသာ ကလေးဉာဏ်ရည်နဲ့ ကိုယ်ခန္ဓာဖွံ့ဖြိုးဖို့ အတွက် အကျိုးသက်ရောက်မှုရှိတယ်ဆိုပေမယ့် အနည်းဆုံးတော့ သူတို့လေးတွေ ရှေ့ဆက်အသက်ရှင်ဖို့ ခွန်အားကိုယ်စီ ရရှိသွားပြီပဲဖြစ်ပါတယ်။ လက်ရှိမှာတော့ Pumwani Maternity ဆေးရုံမှာ ရှိနေတဲ့ ကလေး ၇၅ ယောက်အတွက် မိခင်နို့ရည် ဗူးပေါင်း ခန့်မှန်းခြေ (၄၀၀) တိတိ လက်ခံရရှိထားပြီဖြစ်ကြောင်း CGTN မီဒီယာမှာ ဖော်ပြထားပါတယ်။

(ပိုပိုလေး)

 

 

 

 


31 Oct 2019     1,857 Views




RELATED

Most Popular of International News

Most Popular of NEWS